
0
162




Adani Group က ကွန်တိန်နာ တာမီနယ် ဆောက်ဖို့ ဒေါ်လာ သန်း ၂၉၀ ရင်းနှီးမြှုပ်နှံမယ်

အိန္ဒိယမှာ ရုံးချုပ် အခြေစိုက်တဲ့ Adani Group က ရန်ကုန်မြစ်တလျှောက်မှာ ကွန်တိန်နာ တာမီနယ် တည်ဆောက်ပြီး နှစ် ၅၀ ကြာ လုပ်ဆောင်ဖို့ အမေရိကန် ဒေါ်လာ သန်း ၂၉၀ ရင်းနှီးမြှုပ်နှံဖို့ မြန်မာအစိုးရနဲ့ သဘောတူလိုက်ပါတယ်။

ဒါဟာ သြစတြေးလျနိုင်ငံ၊ ကွင်းစလန်မှာ အဘော့ ပွိုင့် တာမီနယ် တည်ဆောက်နောက် Adani Group ရဲ့ ဒုတိယမြောက် ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။

Adani Ports and Special Economic Zone Ltd ရဲ့ ယူနစ်တစ်ခုအဖြစ် Adani Yangon International Terminal Co Ltd ကို မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ရင်းနှီးမြှုပ်နှံခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။ Adani Group ဟာ အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်၊ အာမယ်ဒါဘတ် အခြေစိုက် နိုင်ငံစုံ လုပ်ငန်းစုကြီး ဖြစ်ပါတယ်။

  

?bph6