
0
137





                 Save The Libary



                 Save The Libary


လူငယ်တွေ ဘဝအတွက် အတန်းပညာအပြင် ပြင်ပစာအုပ်စာပေတွေ လေ့လာဖတ်ရှု့ဖို့လိုတယ်လို့ Save The Libary တည်ထောင်သူက ကပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် သက်နောင်စိုးက တင်ဆက်ပေးထားပါတယ်။

ကျောင်းက သင်ကြားခဲ့ရတဲ့  စာတွေနဲ့ လုံလောက်မှုမရှိတာကြောင့် စာကြည့်တိုက်တွေမှာ ဘဝအတွက် အသိပညာ၊ အတတ်ပညာတွေတိုးတက်လာဖို့ ပြင်ပစာပေတွေကိုပါ လေ့လာဖတ်ရှု့ဖို့လိုအပ်တယ်လို့ Save The Libary ကို တည်ထောင်သူ ဦးမောင်မောင်စိုးက လူငယ်တွေကို တိုက်တွန်းလိုက်ပါတယ်။

မေလ ၁၃ ရက်နေ့က မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း (ရန်ကုန်တိုင်း)နဲ့ တာမွေမြို့နယ်ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ပူးပေါင်းကျင်းပတဲ့ စာဖတ်ရှိန်မြှင့်တင်ရေးနဲ့ စာအုပ်ဈေးရောင်းပွဲတော်တစ်ခုပြုလုပ်ခဲ့တာပါ။

Sound Bite – ဦးမောင်မောင်စိုး (တည်ထောင်သူ)

                 Save The Libary

ဒါ့အပြင် လူငယ်တွေအတွက် စာများများဖတ်တာကနေ လူတွေရဲ့ နေထိုင်ရမယ့် ကျင့်ဝတ်တွေနဲ့ လူတွေသိရမယ့် အသိတရားတွေရရှိမှာဖြစ်ပြီး ဘဝအတွက် အထောက်အပံ့ဖြစ်စေတယ်လို့လည်း ပြောပါတယ်။

Sound Bite – ဦးမောင်မောင်စိုး (တည်ထောင်သူ)

                 Save The Libary

မြန်မာနိုင်ငံအတွင်း စာကြည့်တိုက်တွေ အဆက်မပြတ်ပေါ်ထွက်လာနိုင်ရေးအတွက် Save The Library ကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းစဉ်တွေမှာလည်း ပါဝင်လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်ခင်ဗျာ။


?bph6