
0
255




AFC သမိုင်းမှာ ပထမဆုံးအဖြစ် အမျိုးသမီး ဒိုင် သုံးဦး တာဝန်ယူမယ်


အာရှဘောလုံး အဖွဲ့ချုပ် (AFC) သမိုင်းမှာ ပထမဆုံးအဖြစ် အာရှ အမျိုးသမီး ဒိုင် သုံးဦးက တာဝန်ယူမှာ ဖြစ်ပါတယ်။


မနက်ဖြန် မေလ ၁၅ ရက်နေ့ ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်းမှာ AFC ဖလားအတွက် ယှဉ်ပြိုင်ကစားမယ့် ရန်ကုန် ယူနိုက်တက် FC နဲ့ ကမ္ဘောဒီးယားက Nga World of Cambodia တို့ပွဲမှာ ဂျပန် အမျိုးသမီး ဒိုင်လူကြီးအဖြစ် ယိုရှီမီ ယာမာရှီတာ၊ လက်ထောက် ဒိုင်တွေအဖြစ် မာကိုတို ဘိုဇိုနိုနဲ့ နာအိုမီ တေရှီရိုဂီတို့က တာဝန်ယူမှာ ဖြစ်ပါတယ်။


သူတို့ သုံးဦးဟာ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ရမယ့် လိုအပ်ချက်တွေကို အောင်မြင်စွာ လုပ်ဆောင်ခဲ့ပြီး ဖြစ်ပြီး လာမယ့် ဇွန်လမှာ ကျင်းပမယ့် 2019 FIFA Women’s World Cup France အတွက်လည်း AFC ကိုယ်စားပြု သွားရောက်မှာ ဖြစ်ပါတယ်။


?bph6