James Cook University ရဲ့ ရာခိုင်နှုန်းအလိုက်ပညာသင်ဆု ရွေးတဲ့အကြောင်းကို ဟောပြောပွဲလုပ်

0
159








သြစတြေးလျ အစိုးရတက္ကသိုလ် James Cook University ရဲ့ ရာခိုင်နှုန်းအလိုက် ပညာသင်ဆု ရွေးချယ်တာနဲ့ ပတ်သက်ပြီး ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။


Business, Information Technology, Accounting, Tourism and Hospitality စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးနေတဲ့ သြစတြေးလျ အစိုးရတက္ကသိုလ် James Cook University မှာ မြန်မာနိုင်ငံက ကျောင်းသူ၊ ကျောင်းသား ၈ ရာခိုင်နှုန်း တက်ရောက် သင်ကြားနေတာ ဖြစ်ပါတယ်။


အဲဒီ James Cook University ရဲ့ ပညာသင်ဆု ၁၀ဝ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်း အထိ ဆုချီးမြှင့်မယ့်အကြောင်းကို မေလ ၁၁ ရက်နေ့က ရန်ကုန်မြို့ ဆူးလေရှန်ဂီလာဟိုတယ်မှာ Myanmar Search International (MSI) က ကျင်းပခဲ့တာပါ။


Soundbite ဒေါ်စုစုလှိုင် (မန်နေဂျင်းဒါရိုက်တာ) Myanmar Search International (MSI)


သြစတြေးလျ အစိုးရတက္ကသိုလ် James Cook University ကို တက်ရောက်နိုင်ဖို့အတွက် အခြေခံပညာတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေ၊ ပုဂ္ဂလိက ပညာရေးကျောင်းက IGCSE အောင်မြင်ပြီးသူတွေ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။


Soundbite ဒေါ်စုစုလှိုင် (မန်နေဂျင်းဒါရိုက်တာ) Myanmar Search International (MSI)


James Cook University မှာ မြန်မာနိုင်ငံကနေ နှစ်စဉ် သွားရောက်ပညာသင်ကြားတဲ့ ကျောင်းသူ၊ ကျောင်းသားဦးရေ ၁၀ဝ ကျော်ရှိနေတာ ဖြစ်ပြီး၊ တစ်လကို ကျောင်းလခ ကျပ် ၃၈ သိန်းကျော် ကုန်ကျမှာလည်း ဖြစ်ပါတယ် ခင်ဗျာ။


?bph6