အႏုပညာ ပုံသ႑န္မ်ဳိးစုံပါ၀င္တဲ႔ ဗဟုပြဲေတာ္ကုိ ရန္ကုန္မွာ တစ္ပတ္ၾကာက်င္းပေန

0
292

အႏုပညာ ပုံသ႑န္ မ်ဳိးစုံနဲ႔ အႏုပညာကုိ အေျခခံတဲ႔ ထုတ္ကုန္ပစၥည္းေတြ ပါ၀င္တဲ႔ ဗဟုပြဲေတာ္ကုိ ရန္ကုန္ၿမိဳ႕မွာ တစ္ပတ္ၾကာ က်င္းပေနပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏၱာမုိးကေပးပုိ႔ထားပါတယ္။

အႏုပညာ ပုံသ႑န္ မ်ဳိးစုံ နဲ႔ အႏုပညာကုိအေျခခံထားတဲ႔ ထုတ္ကုန္ပစၥည္းေတြပါ ပါ၀င္တဲ႔ ဗဟုပြဲေတာ္ကုိ ေမလ ၁၀ ရက္ေန႔ကေန ၁၆ ရက္ေန႔အထိ ရန္ကုန္ၿမဳိ႕ ပန္းဆုိးတန္းလမ္းမွာရွိတဲ႔ ပန္းဆုိးတန္းပန္းခ်ီခန္းမမွာ က်င္းပေနပါတယ္။

အႏုပညာကုိ ခ်စ္ျမတ္နုိးတဲ႔ လူငယ္ေတြအေနနဲ႔ အႏုပညာ ပုံသ႑န္ အားလုံးကုိ ကုိယ္ပုိင္ တီထြင္ၿပီး ခ်ျပ လာနုိင္ရင္ ေနာက္ပိုင္း နုိင္ငံတကာနဲ႔ ရင္ေဘာင္တန္းနုိင္မွာျဖစ္တယ္လုိ ပန္းဆုိးတန္း ပြဲေတာ္ တည္ေထာင္သူ ကေျပာပါတယ္။

Soundbite   ဦးေအာင္စုိးမင္း (ဗဟုပြဲေတာ္ စီစဥ္သူ)

ဒါအျပင္ နုိင္ငံတကာမွာ Street Performance ေတြ ေခတ္စားတာနဲ႔အမွ် ျမန္မာနုိင္ငံက လူငယ္ေတြပါ စိတ္၀င္စားလာတဲ႔ အေပၚ အျမင္ေတြပါ ေျပာင္းလဲလာေအာင္  ဗဟုပြဲေတာ္ မွာပါ၀င္တာလည္းျဖစ္တယ္လုိ Yangon Street Performance Project ကေျပာပါတယ္။

Soundbite  စည္ၿဖဳိးမင္း (အဖြဲ႔ ေခါင္းေဆာင္)

Yangon Street Performance Project

ဒါအျပင္ ဗဟုပြဲေတာ္မွာ ပုိ႔စကဒ္အသုံးျပဳၿပီး ၀ိေဒသပြဲအေနနဲ႔ ကုိယ္ျဖစ္ေစခ်င္တဲ႔ ပုံကုိ ပန္းခ်ီဆရာေတြက ပုံေဖာ္ေပးတာေတြ၊ မ်က္ႏွာဖုံးစြပ္ၿပီး ဓါတ္ပုံရုိက္တာေတြ၊ အသံသရုပ္ေဖာ္တာေတြ၊ ကဗ်ာရြတ္ဆုိတာေတြ၊ ျပဇာတ္ပုံ ေဖာ္တာေတြ စတဲ့ အႏုပညာ ပုံသ႑န္ မ်ဳိးစုံနဲ႔ အႏုပညာကုိအေျခခံတဲ႔ ထုတ္ကုန္ေတြကို ျပသြားမွာ ျဖစ္ပါတယ္ရွင္။

အနုပညာ ပုံသဏ္ဍန် မျိုးစုံနဲ့ အနုပညာကို အခြေခံတဲ့ ထုတ်ကုန်ပစ္စည်းတွေ ပါဝင်တဲ့ ဗဟုပွဲတော်ကို ရန်ကုန်မြို့မှာ တစ်ပတ်ကြာ ကျင်းပနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးကပေးပို့ထားပါတယ်။

အနုပညာ ပုံသဏ္ဍန် မျိုးစုံ နဲ့ အနုပညာကိုအခြေခံထားတဲ့ ထုတ်ကုန်ပစ္စည်းတွေပါ ပါဝင်တဲ့ ဗဟုပွဲတော်ကို မေလ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းမှာရှိတဲ့ ပန်းဆိုးတန်းပန်းချီခန်းမမှာ ကျင်းပနေပါတယ်။

အနုပညာကို ချစ်မြတ်နိုးတဲ့ လူငယ်တွေအနေနဲ့ အနုပညာ ပုံသဏ္ဍန် အားလုံးကို ကိုယ်ပိုင် တီထွင်ပြီး ချပြ လာနိုင်ရင် နောက်ပိုင်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်မှာဖြစ်တယ်လို ပန်းဆိုးတန်း ပွဲတော် တည်ထောင်သူ ကပြောပါတယ်။

Soundbite ဦးအောင်စိုးမင်း (ဗဟုပွဲတော် စီစဉ်သူ)

ဒါအပြင် နိုင်ငံတကာမှာ Street Performance တွေ ခေတ်စားတာနဲ့အမျှ မြန်မာနိုင်ငံက လူငယ်တွေပါ စိတ်ဝင်စားလာတဲ့ အပေါ် အမြင်တွေပါ ပြောင်းလဲလာအောင် ဗဟုပွဲတော် မှာပါဝင်တာလည်းဖြစ်တယ်လို Yangon Street Performance Project ကပြောပါတယ်။

Soundbite စည်ဖြိုးမင်း (အဖွဲ့ ခေါင်းဆောင်)
Yangon Street Performance Project

ဒါအပြင် ဗဟုပွဲတော်မှာ ပို့စကဒ်အသုံးပြုပြီး ဝိဒေသပွဲအနေနဲ့ ကိုယ်ဖြစ်စေချင်တဲ့ ပုံကို ပန်းချီဆရာတွေက ပုံဖော်ပေးတာတွေ၊ မျက်နှာဖုံးစွပ်ပြီး ဓါတ်ပုံရိုက်တာတွေ၊ အသံသရုပ်ဖော်တာတွေ၊ ကဗျာရွတ်ဆိုတာတွေ၊ ပြဇာတ်ပုံ ဖော်တာတွေ စတဲ့ အနုပညာ ပုံသဏ္ဍန် မျိုးစုံနဲ့ အနုပညာကိုအခြေခံတဲ့ ထုတ်ကုန်တွေကို ပြသွားမှာ ဖြစ်ပါတယ်ရှင်။


?bph6