
0
329




လေယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေ အသက်အန္တရာယ် မစိုးရိမရကြောင်း ဆေးရုံအုပ်ကြီးပြော


ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ Biman ဘင်္ဂလားဒေ့ရှ် လေကြောင်းပိုင် လေယာဉ်မ မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးကုသနေပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ် မရှိကြောင်း အာယုဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းထွဋ်က ပြောပါတယ်။


မေလ ၉ ရက်နေ့က တာမွေမြို့နယ် အာယု အင်တာနေရှင်နယ် ဆေးရုံကြီးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောကြားခဲ့တာပါ။


လက်ရှိမှာ လူနာ ၁၇ ဦးကို ကုသပေးနေပြီး အထူးကု ဆရာဝန်ကြီးတွေနဲ့ သက်ဆိုင်ရာ ထွေထွေ ခွဲစိတ်ဆရာဝန်ကြီးတွေ၊ ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီးတွေ အပါအဝင် သူနာပြုဆရာ၊ ဆရာမတွေနဲ့ လိုအပ်တဲ့ ကုသပေးမှုတွေ လုပ်ဆောင်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။


?bph6