
0
238








စာပေဖန်တီးမှုအနုပညာသင်တန်းကနေ လူငယ်စာရေးဆရာ တစ်ရာကျော်ကို မွေးထုတ်ပေးခဲ့တယ်လို့ မြန်မာစာရေးဆရာကလပ်ကပြောပါတယ်။ ဒီသတင်းကိုMCN သတင်းထောက်ဌေးဌေး က ပေးပို့ထားပါတယ်။

မြန်မာစာရေးဆရာကလပ်အသင်းရဲ့ ၂ နှစ်ပြည့်နှစ်ပတ်လည်နေ့ကို မေလ ၈ ရက်နေ့က ရန်ကုန်မြို့၊ Orchit Hotel မှာပထမဆုံး အကြိမ် ပြုလုပ်ခဲ့တာပါ။

ဒီပွဲမှာ မြန်မာစာရေး ဆရာကလပ်အသင်းက ဦးဆောင်ဖွင့်လှစ်တဲ့ စာပေဖန်တီးမှု အနုပညာသင်တန်းကနေ လူကြီး၊ လူငယ်စာရေး ဆရာပေါင်း နှစ်ရာကျော် ကို မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ မြန်မာစာရေး ဆရာကလပ်အသင်းကပြောပါတယ်။

အင်တာဗျူး ဦးကောင်းသန့်(ဥက္ကဌ) မြန်မာစာရေးဆရာကလပ်

သင်တန်းဆင်း လူငယ်တွေရေးသားခဲ့တဲ့ စာပေတွေကို ပြည်သူ့နီတိစာအုပ်ထုတ်တဲ့ အခါမှာ ပူးတွဲထည့်ပေး တာတွေရှိသလို စာပေလှုပ်ရှားမှု ပွဲတွေမှာလည်း ထုတ်ဖောင်ပြသတာတွေ ပြုလုပ်ပေးတာဖြစ်ပါတယ်။

အင်တာဗျူး ဦးကောင်းသန့်(ဥက္ကဌ) မြန်မာစာရေးဆရာကလပ်

သင်တန်းမှာ ဝတ္ထူ၊ကဗျာ၊ဆောင်းပါး၊ ဇာတ်ညွှန်းရေးသားနည်း တွေကို ပို့ချပေးနေ တာဖြစ်ပြီး သင်တန်းကာလအတွင်း ပြိုင်ပွဲပြုလုပ်ပေးတာတွေ နဲ့ သင်တန်းဆင်းတဲ့ချိန်မှာလည်း ဆုပေးအပ်ပွဲတွေပါ ပြုလုပ်ပေးတာဖြစ်ပါတယ်ရှင်။


?bph6