ကြက်ခြေနီအဖွဲ့အစည်းကို ကမ္ဘာက လေးစားတဲ့ အဖွဲ့အစည်းကြီးဖြစ်ရေး ကြိုးပမ်းဖို့ ဝန်ကြီးချုပ် တိုက်တွန်း

0
290




ကြက်ခြေနီအဖွဲ့အစည်းကို ကမ္ဘာက လေးစားတဲ့ အဖွဲ့အစည်းကြီးဖြစ်ရေး ကြိုးပမ်းဖို့ ဝန်ကြီးချုပ် တိုက်တွနး်


မြန်မာနိုင်ငံရဲ့ ကြက်ခြေနီအဖွဲ့အစည်းကို ကမ္ဘာက လေးစားတဲ့ အဖွဲ့အစည်းကြီးဖြစ်စေဖို့ ကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။


ဒီကနေ့ မေလ ၈ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ရှိ ရန်ကုန်သူနာပြု တက္ကသိုလ်မှာ ပြုလုပ်စဉ် အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။


ပြည်သူတွေရဲ့ အခြေခံစိတ်ဓာတ်ကို အခြေပြုပြီး ကြက်ခြေနီ ကဏ္ဍနယ်ပယ်ကို ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ မြို့နယ်တိုင်းမှာလည်း ကြက်ခြေနီအသင်းတွေ အခိုင်အမာ ပြန်လည် ပေါ်ထွန်းလာစေဖို့ ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ ဒါ့အပြင် တိုင်းဒေသကြီး အစိုးရအနေနဲ့ လူမှုအကျိုးပြု လုပ်ငန်းတွေမှာ ကြက်ခြေနီအဖွဲ့အစည်းကို ထောက်ပံ့ကူညီပေးသွားမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။


?bph6