မြန်မာနိုင်ငံမှာ နှစ်စဉ် ကလေးငယ် နှစ်ထောင်ခန့်ဟာ ကင်ဆာရောဂါခံစားနေရ

0
400







မြန်မာနိုင်ငံမှာ နှစ်စဉ် ကလေးငယ် နှစ်ထောင်ခန့် ဟာ ကင်ဆာရောဂါကို ခံစားနေရတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ကပြောပါတယ်။ ဒီသတင်းကို MCNသတင်းထောက် သော်တာတိုးက ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ဒုတိယ အကြိမ်မြောက် အမျိုးသားအဆင့်ကျန်းမာရေးအလုပ်ရုံ ဆွေးနွေးပွဲ ကို မေလ ၈ရက်နေ့က ရန်ကုန်မြို့ Summit ParkView Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ ကလေးငယ်တွေမှာ အဖြစ်များတဲ့ သွေးကင်ဆာအကြောင်းနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုခဲ့တာပါ။

Soundbite – Dr.Scott Holand ( Chief information Officer)

ဒါ့အပြင် ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး အချိန်မှီရောဂါရှာဖွေပြီး ကုသမှုခံယူရင် ပျောက်ကင်းနိုင်ခြေ မြင့်မားပြီး ကင်ဆာရောဂါတွေကို ကြိုတင်ကာကွယ်လို့ မရပေမယ့် ၉၀ ရာခိုင်နှုန်းအထိ ပျောက်ကင်းအောင် ကုသနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောပါတယ်။

Soundbite -ဒေါက်တာ သီတာမိုး(St.Jude Children’s Research Hospital)

ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ ကင်ဆာနဲ့ ပတ်သက်ပြီး ရလဒ်ကောင်းတွေ ရရှိနိုင်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ ပူးပေါင်းပြီး ၅နှစ်စီမံကိန်း နဲ့ ကလေးငယ်တွေ ကင်ဆာဖြစ်ပွားမှု နှုန်းလျော့ကျအောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်ခင်ဗျား။