လူငယ်ဖူဆယ်ဘောလုံးသမားတွေကို မြေတောင်မြှောက်ပေးမယ်လို့ OnDoctor FC ကပြော

0
372








အစိုးရကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေနဲ့ ချိတ်ဆက်ပြီး လူငယ် ဖူဆယ်ဘောလုံးကစားသမားတွေကို မြေတောင်မြှောက်ပေးသွားမယ်လို့ On Doctor FC က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သော်တာတိုးက ပေးပို့ထားပါတယ်။


On Doctor FC ဖူဆယ်ဘောလုံးအသင်းအနေနဲ့ အစိုးရကျောင်းတွေ ပုဂ္ဂလိကကျောင်းတွေနဲ့ ချိတ်ဆက်ပြီး လူငယ်ဖူဆယ်ဘောလုံးကစားသမားတွေကို နိုင်ငံတကာအဆင့်ထိရောက်အောင် မြေတောင်မြှောက် ပေးသွားမယ်လို့ ပြောပါတယ်။


မေလ ၇ ရက်နေ့က ရန်ကုန်မြို့မှာ တောင်မြင်းပြိုင်ကွန်ဒိုမှာ On Doctor FC ဖူဆယ်ဘောလုံးအသင်း မိတ်ဆက်တဲ့ အခမ်းအနားပြုလုပ်ခဲ့တာပါ။


Soundbite – ဒေါက်တာ ထက်ဈာန်လင်း (ဥက္ကဌ) On Doctor FC


ဒီ ဖူဆယ်ဘောလုံးအသင်းကို ကျန်းမာရေးအခြေခံကောင်းမွန်ပြီး သန်မာဖျတ်လတ်တဲ့ လူငယ်အားကစားသမား ကောင်းတွေနဲ့ ဖွဲ့စည်းထားပြီး အားကစားကဏ္ဍမှာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ တည်ထောင်ထားတယ်လို့လည်း ပြောပါတယ်။


Soundbite – ဒေါက်တာ ထက်ဈာန်လင်း (ဥက္ကဌ) On Doctor FC


On Doctor FC ဖူဆယ်ဘောလုံးအသင်းကို လူငယ်ကစားသမား ၁၇ ဦးနဲ့ ဖွဲ့စည်းထားပြီး ပထမဆုံး ပွဲစဉ်အဖြစ် မေလ ၁၁ ရက်နေ့မှာ စတင်ကျင်းပမယ့် MFF Futsal Cap 2019 မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်ခင်ဗျာ။


?bph6