တူရကီေဆး႐ံု တစ္ရက္ကို ဘဂၤါလီ မြတ္စလင္ ဒုကၡသည္ ၁ ေထာင္ ေဆးကုေပးေန

0
216

ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ေကာက္ဘဇားမွာ ဖြင့္ထားတဲ့ တူရကီ ကြင္းဆင္း ေဆး႐ံုဟာ တစ္ရက္ကို ဘဂၤါလီ မြတ္စလင္ ဒုကၡသည္ ၁ ေထာင္ ေဆးကုေပးေနရတယ္လို႔ ေဒးလီး ဆာဘာ သတင္းမွာ ေဖာ္ျပပါတယ္။

ဒီေဆး႐ံုကို တူရကီ သဘာဝေဘးဒဏ္နဲ႔ အေရးေပၚ စီမံခန္႔ခြဲေရး အဖြဲ႔ (AFAD) က တူရကီ က်န္းမာေရး ဝန္ႀကီးဌာန အေထာက္အပံ့နဲ႔ ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွာ စတင္ဖြင့္ခဲ့တာပါ။ ဖြင့္ကတည္းကစၿပီး တစ္ရက္ကို လူနာ ၁ ေထာင္ႏႈန္းေလာက္ ေဆးကုသေပးေနရတာ ျဖစ္ပါတယ္။

ကုတင္ ၅၀ ဆံ့ အဲဒီေဆး႐ံုမွာ ကေလးသူငယ္ဆိုင္ရာ ဌာနလည္း ရွိၿပီး ေကာက္ဘဇားမွာ တစ္ခုတည္းေသာ ေမြးကင္းစ ကေလးသူငယ္ ေစာင့္ေရွာက္ေရး ယူနစ္လည္း ရွိပါတယ္။ ေဆး႐ံုမွာ ရခိုင္ျပည္နယ္နဲ႔ ဘဂၤလားေဒ့ရွ္က သူနာျပဳနဲ႔ က်န္းမာေရး ဝန္ထမ္းေတြခန္႔ထားၿပီး မႏွစ္က ခြဲစိတ္ကုသမႈ ၂၁၅ ခုကို ျပဳလုပ္ခဲ့ပါတယ္။

တူရကီဆေးရုံ တစ်ရက်ကို ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည် ၁ ထောင် ဆေးကုပေးနေ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားမှာ ဖွင့်ထားတဲ့ တူရကီ ကွင်းဆင်း ဆေးရုံဟာ တစ်ရက်ကို ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည် ၁ ထောင် ဆေးကုပေးနေရတယ်လို့ ဒေးလီး ဆာဘာ သတင်းမှာ ဖော်ပြပါတယ်။


ဒီဆေးရုံကို တူရကီ သဘာဝဘေးဒဏ်နဲ့ အရေးပေါ် စီမံခန့်ခွဲရေး အဖွဲ့ (AFAD) က တူရကီ ကျန်းမာရေး ဝန်ကြီးဌာန အထောက်အပံ့နဲ့ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်ဖွင့်ခဲ့တာပါ။ ဖွင့်ကတည်းကစပြီး တစ်ရက်ကို လူနာ ၁ ထောင်နှုန်းလောက် ဆေးကုသပေးနေရတာ ဖြစ်ပါတယ်။


ကုတင် ၅၀ ဆံ့ အဲဒီဆေးရုံမှာ ကလေးသူငယ်ဆိုင်ရာ ဌာနလည်း ရှိပြီး ကောက်ဘဇားမှာ တစ်ခုတည်းသော မွေးကင်းစ ကလေးသူငယ် စောင့်ရှောက်ရေး ယူနစ်လည်း ရှိပါတယ်။ ဆေးရုံမှာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်က သူနာပြုနဲ့ ကျန်းမာရေး ဝန်ထမ်းတွေခန့်ထားပြီး မနှစ်က ခွဲစိတ်ကုသမှု ၂၁၅ ခုကို ပြုလုပ်ခဲ့ပါတယ်။