ျမန္မာႏိုင္ငံမွာ ပထမဦးဆုံးအႀကိမ္ ကေလးအသည္းအစားထိုး ခြဲစိတ္ကုသမႈ ေအာင္ျမင္

0
467

ျမန္မာႏိုင္ငံမွာ  ပထမဦးဆုံးအႀကိမ္အျဖစ္ ကေလးအသည္းအစားထိုး ခြဲစိတ္ကုသမႈမွာ ေအာင္ျမင္မႈ ရရွိခဲ့ေၾကာင္း ေမလ ၃ ရက္ေန႔က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ရန္ကုန္ ကေလးေဆး႐ုံ အုပ္ႀကီး ေဒါက္တာ စုစုေဒြးက ေျပာၾကားခဲ့ပါတယ္။

ကေလးအသည္းအစားထိုး ခြဲစိတ္ကုသမႈကို ရန္ကုန္ကေလးေဆး႐ုံႀကီးမွာ  ေဆာင္႐ြက္ႏိုင္ေရးအတြက္ က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန၊ ကုသေရးဦးစီးဌာန သို႔ ခြင့္ျပဳမိန္႔ရယူၿပီးေနာက္ ၂၀၁၉ ခုႏွစ္ မတ္ ၁၇ ရက္တြင္ ဂ်ပန္ႏိုင္ငံ Kyushu University Hospital မွ ပေရာ္ဖက္ဆာTaguchi ဦးေဆာင္တဲ့  Japan Liver Transplant Team ႏွင့္ Myanmar Liver Transplant Team တို႔ ပူးေပါင္းကာ ရန္ကုန္ၿမိဳ႕ ေ႐ႊျပည္သာၿမိဳ႕နယ္ ေလွာ္ကားရပ္ကြက္ ပန္းၿခံ ၃ ေန အသက္ ငါးႏွစ္ရွိ ေမာင္ညီညီမင္းဦး(ခ)ညီညီၿဖိဳးကုိ အသည္းအစားထိုး ခြဲစိတ္ကုသမႈ ေဆာင္႐ြက္ ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အစားထိုးဖို႔ လုိအပ္တဲ့  အသည္းကို ဖခင္ျဖစ္သူ ဦးေစာမင္းမင္းရဲ႕  အသည္းကို လွဴဒါန္း ေပးခဲ့တာ ျဖစ္ၿပီး ေမာင္ညီညီမင္းဦး(ခ)ညီညီၿဖိဳးဟာ  ေမြးရာပါ သည္းေျခႁပြန္ မပါတာေၾကာင့္ အသည္းႂကြပ္ေဝဒနာ ခံစားေနရၿပီး ေနာက္ဆက္တြဲ အျဖစ္ ေသြးဝမ္းသြားျခင္း နဲ႔  ေသြးအန္ျခင္း ေဝဒနာေတြကုိ လည္း ခံစားေနရသူ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ အခုလုိ အသည္းအစားထိုး ကုသေပးခဲ့တာ ျဖစ္ပါတယ္။

မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ် ကလေးအသည်းအစားထိုး ခွဲစိတ်ကုသမှု အောင်မြင်


မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ်အဖြစ် ကလေးအသည်းအစားထိုး ခွဲစိတ်ကုသမှုမှာ အောင်မြင်မှု ရရှိခဲ့ကြောင်း မေလ ၃ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန် ကလေးဆေးရုံ အုပ်ကြီး ဒေါက်တာ စုစုဒွေးက ပြောကြားခဲ့ပါတယ်။


ကလေးအသည်းအစားထိုး ခွဲစိတ်ကုသမှုကို ရန်ကုန်ကလေးဆေးရုံကြီးမှာ ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန သို့ ခွင့်ပြုမိန့်ရယူပြီးနောက် ၂၀၁၉ ခုနှစ် မတ် ၁၇ ရက်တွင် ဂျပန်နိုင်ငံ Kyushu University Hospital မှ ပရော်ဖက်ဆာTaguchi ဦးဆောင်တဲ့ Japan Liver Transplant Team နှင့် Myanmar Liver Transplant Team တို့ ပူးပေါင်းကာ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် လှော်ကားရပ်ကွက် ပန်းခြံ ၃ နေ အသက် ငါးနှစ်ရှိ မောင်ညီညီမင်းဦး(ခ)ညီညီဖြိုးကို အသည်းအစားထိုး ခွဲစိတ်ကုသမှု ဆောင်ရွက် နိုင်ခဲ့တာ ဖြစ်ပါတယ်။


အစားထိုးဖို့ လိုအပ်တဲ့ အသည်းကို ဖခင်ဖြစ်သူ ဦးစောမင်းမင်းရဲ့ အသည်းကို လှူဒါန်း ပေးခဲ့တာ ဖြစ်ပြီး မောင်ညီညီမင်းဦး(ခ)ညီညီဖြိုးဟာ မွေးရာပါ သည်းခြေပြွန် မပါတာကြောင့် အသည်းကြွပ်ဝေဒနာ ခံစားနေရပြီး နောက်ဆက်တွဲ အဖြစ် သွေးဝမ်းသွားခြင်း နဲ့ သွေးအန်ခြင်း ဝေဒနာတွေကို လည်း ခံစားနေရသူ ဖြစ်ပါတယ်။ အဲဒါကြောင့် အခုလို အသည်းအစားထိုး ကုသပေးခဲ့တာ ဖြစ်ပါတယ်။