
0
296




ဂျပန်ယန်းငွေ သန်း ၉ ထောင်နီးပါး ကုန်ကျမယ့် အထူးကုဆေးရုံ တည်ဆောက်မယ်


ဂျပန် – မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ပြသတဲ့ အမှတ်သင်္ကေတ တစ်ခုဖြစ် ဂျပန်ယန်းငွေ သန်း ၈၆၆၁ အကုန်အကျခံပြီး အထူးကုဆေးရုံသစ်တစ်ရုံကို ရန်ကုန်မြို့မှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။


ဆေးရုံသစ် တည်ဆောက်ဖို့အတွက် ပန္နက်တင် မင်္ဂလာ အခမ်းအနားကို ဧပြီလ ၂၈ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။


ဆေးရုံတည်ဆောက်မယ့် မြေအကျယ်အဝန်းဟာ ဧက ၅ ဒသမ ၅၆၂ ဧကရှိပြီး၊ ကုတင် ၃၀ဝ ဆံ့၊ ၇ ထပ် အဆောက်အဦးဖြစ်ပါတယ်။ မေလ ၁ ရက်နေ့မှာ စတင်တည်ဆောက်မှာဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ မေလမှာ ပြီးစီးမှာ ဖြစ်ပါတယ်။