ကုန်ပစ္စည်းချင်းဖလှယ်တဲ့စနစ်ကြောင့် ဆန်လုပ်ငန်းရှင်တွေရဲ့ အခက်ခဲတွေ ဖြေရှင်းနိုင်မယ်

0
81









မြန်မာဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့ရောင်းချမှု ကုန်ပစ္စည်းချင်းဖလှယ်တဲ့စနစ်(Barter System) ကြောင့် ဆန်လုပ်ငန်းကိုလုပ်ကိုင်နေသူတွေရဲ့ အခက်အခဲတွေ ဖြေရှင်းပေးနိုင်တော့မှာ ဖြစ်ပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးကပေးပို့ထားပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ဆန်၊ဆန်ကွဲ Quota နဲ့တရားဝင်တင်ပို့ခွင့်ရရှိရေး အတွက် ယူနန်ပြည်နယ် ကူမင်း အခြေစိုက် ကုမ္ပဏီနှင့် မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်တို့ ကုန်ပစ္စည်းချင်းဖလှယ်တဲ့စနစ်ဖြစ်တဲ့ (Barter System) နဲ့လာမယ့် မေလ အတွင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ။

အဲဒါကြောင့် ဆန်လုပ်ငန်းကို လုပ်ကိုင်နေတဲ့ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေ ကိုဖြေရှင်းပေးနိုင်တော့မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ဥက္ကဋ္ဌ ဦးရဲမင်းအောင် ကပြောပါတယ်။

Soundbite ဦးရဲမင်းအောင် (ဥက္ကဋ္ဌ) မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

ဒါအပြင် လက်တလော မူဆယ်ရောက်ရှိနေတဲ့ ဆန်တွေကို ကုန်ပစ္စည်းချင်းဖလှယ်စနစ် (Barter System) ကို ကူမင်း အခြေစိုက် ကုမ္ပဏီနဲ့ ကနဦးစမ်းသပ်လုပ်ဆောင်သွားနေပြီလည်း ဖြစ်ပါတယ် ။

Soundbite ဦးရဲမင်းအောင် (ဥက္ကဋ္ဌ)
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

မြန်မာနိုင်ငံကထွက်ရှိတဲ့ ဆန်၊ဆန်ကွဲတွေကို ရောင်း/ဝယ်မှုတွေကို တရုတ်နိုင်ငံနဲ့ အရောင်း အဝယ်စာချုပ်ချုပ်ဆိုပြီး တရားဝင်လိုင်စင်နဲ့ အခွန်ပေးဆောင်ကာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်ရှင်။


?bph6