မုံရွာမြို့နယ်က တစ်နိုင်တစ်ပိုင် ယွန်းထည်လုပ်ကိုင်သူတွေ အဆင်ပြေနေ

0
249



အင်တာဗျူး


အင်တာဗျူး


မုံရွာမြို့နယ်က တစ်ပိုင်တစ်နိုင် ယွန်းထည် လုပ်ကိုင်သူတွေ အဆင်ပြေနေတဲ့အကြောင်းကို MCN မုံရွာသတင်းထောက် မတင်မာဆွေ ပေးပို့ထားပြီး သတင်းထောက် သန္တာမိုးက တင်ဆက်ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာ မြို့နယ်၊ ကျောက်ကာတောင်ရွာနဲ့ မြောက်ရွာရှိ တစ်ပိုင်တစ်နိုင် ယွန်းထည် လုပ်ကိုင်နေသူတွေဟာ ပွင့်လင်းရာသီ ရောင်းအားကောင်းလာတာကြောင့် စီးပွားရေး အဆင်ပြေနေကြတာပါ။

အင်တာဗျူး

ယွန်းထည်ပြုလုပ်ရောင်းချသူတွေဟာ အခုလိုရာသီမှာ အလှူပွဲ၊ မင်္ဂလာဆောင်ပွဲတွေ ပေါများတာဖြစ်တဲ့ ပွင့်လင်း ရာသီဖြစ်တဲ့အတွက် မင်္ဂလာအုပ်ဟာ ယွန်းထည်တွေ ထဲမှာ ရောင်းအားအကောင်းဆုံးဖြစ်နေတာပါ။

အင်တာဗျူး

ယွန်းထည်တွေကို အရင်ကလက် နဲ့ နှီးဖြာပြီး ပြုလုပ်ရတာဖြစ်တဲ့အတွက် လုပ်ငန်း တွင်းကျယ်မှု အားနည်းခဲ့ပြီး အခု အခါမှာ နှီးဖြာစက်ပေါ်လာတာ ကြောင့် ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူတွေအတွက် လုပ်ငန်း ပိုမိုတွင်းကျယ်လာခဲ့တာဖြစ်ပြီး စီးပွားရေး အဆင်ပြေလာခဲ့တာဖြစ်ပါတယ်။


?bph6