ေျမာက္ပိုင္း သံုးဖြဲ႔ ထုတ္ျပန္ခ်က္ဟာ တ႐ုတ္ကို ၾကားဝင္ေဆြးေႏြးေပး လုိတာပဲ အဓိက ေတြ႔ရတယ္လို႔ တပ္မေတာ္ေျပာ

0
221

ေျမာက္ပိုင္း စစ္ေရးမဟာမိတ္ သံုးဖြဲ႔ျဖစ္တဲ့ တအာင္းလက္နက္ကိုင္အဖြဲ႔ (TNLA)၊ ရခိုင္လက္နက္ကိုင္အဖြဲ႔ ( AA) နဲ႔ ကိုးကန္႔အဖြဲ႔ (MNDAA) တို႔ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ တ႐ုတ္ကို ၾကားဝင္ ေဆြးေႏြးေပးလိုတာပဲ အဓိက ေတြ႔ရတယ္လို႔ တပ္မေတာ္က ေျပာဆုိလိုက္ပါတယ္။

ထုတ္ျပန္ခ်က္ထဲမွာ ပါရွိတဲ့အခ်က္ေတြနဲ႔ ပတ္သက္ၿပီး ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလက ထုတ္ျပန္ခဲ့တဲ့ ထုတ္ျပန္ခ်က္ရဲ႕ ဒုတိယအပုိဒ္နဲ႔ အခု ထုတ္ျပန္လုိက္တဲ့ ေနာက္ဆံုးပုိဒ္မွာ ပါရွိတဲ့ ၿငိမ္းခ််မ္းေရး ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး တ႐ုတ္ရဲ႕ ၾကားဝင္ ေဆြးေႏြးမႈကို အဓိက ေတြ႔ရတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ေျမာက္ပိုင္း စစ္ေရးမဟာမိတ္ သံုးဖြဲ႔ဟာ ဧၿပီလ ၂၄ ရက္ေန႔က ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့ၿပီး ေၾကညာခ်က္ထဲမွာ တပ္မေတာ္က စစ္တိုင္း ၅ တိုင္းမွာ ၄ လၾကာ အပစ္အခတ္ ရပ္စဲထားျခင္းဟာ  ဟန္ေဆာင္စစ္ရပ္စဲျခင္းလို႔ စြပ္စြဲထားပါတယ္။ ဒါ့အျပင္ AA ကို ထိုးစစ္အရွိန္ေတြ ဆက္လုပ္ေနပါက စစ္ေရးမဟာမိတ္သံုးဖြဲ႔အေနနဲ႔ မဟာမိတ္ပီသစြာ လုပ္သင့္လုပ္ထိုက္တာေတြကို လုပ္ေဆာင္သြားမယ္လို႔ ေဖာ္ျပထားၿပီး ေနာက္ဆံုး တစ္ခ်က္အေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရး အျမန္ ေဖာ္ေဆာင္ဖို႔ တ႐ုတ္ႏိုင္ငံက ၾကားဝင္ေစ့စပ္ေပးဖို႔ ပါရွိခဲ့တာပါ။

မြောက်ပိုင်း သုံးဖွဲ့ ထုတ်ပြန်ချက်ဟာ တရုတ်ကို ကြားဝင်ဆွေးနွေးပေးလိုတာပဲ အဓိက တွေ့ရတယ်လို့ တပ်မတော်ပြော
မြောက်ပိုင်း စစ်ရေးမဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ ( AA) နဲ့ ကိုးကန့်အဖွဲ့ (MNDAA) တို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ တရုတ်ကို ကြားဝင် ဆွေးနွေးပေးလိုတာပဲ အဓိက တွေ့ရတယ်လို့ တပ်မတော်က ပြောဆိုလိုက်ပါတယ်။


ထုတ်ပြန်ချက်ထဲမှာ ပါရှိတဲ့အချက်တွေနဲ့ ပတ်သက်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ရဲ့ ဒုတိယအပိုဒ်နဲ့ အခု ထုတ်ပြန်လိုက်တဲ့ နောက်ဆုံးပိုဒ်မှာ ပါရှိတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ကြားဝင် ဆွေးနွေးမှုကို အဓိက တွေ့ရတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။


မြောက်ပိုင်း စစ်ရေးမဟာမိတ် သုံးဖွဲ့ဟာ ဧပြီလ ၂၄ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ကြေညာချက်ထဲမှာ တပ်မတော်က စစ်တိုင်း ၅ တိုင်းမှာ ၄ လကြာ အပစ်အခတ် ရပ်စဲထားခြင်းဟာ ဟန်ဆောင်စစ်ရပ်စဲခြင်းလို့ စွပ်စွဲထားပါတယ်။ ဒါ့အပြင် AA ကို ထိုးစစ်အရှိန်တွေ ဆက်လုပ်နေပါက စစ်ရေးမဟာမိတ်သုံးဖွဲ့အနေနဲ့ မဟာမိတ်ပီသစွာ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပြီး နောက်ဆုံး တစ်ချက်အနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး အမြန် ဖော်ဆောင်ဖို့ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးဖို့ ပါရှိခဲ့တာပါ။


?bph6