ႏွစ္ႏိုင္ငံနယ္စပ္ တည္ၿငိမ္ေရးကို ျမန္မာနဲ႔ ပူးေပါင္းလုပ္ေဆာင္ဖို႔ ဆႏၵရွိတယ္လို႔ တ႐ုတ္ေျပာ

0
173

ႏွစ္ႏုိင္ငံနယ္စပ္ တည္ၿငိမ္ေရးကို ျမန္မာနဲ႔ ပူးေပါင္းလုပ္ေဆာင္သြားဖို႔ ဆႏၵရွိေနတယ္လို႔ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က ေျပာၾကားလိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံ၊ ေပက်င္းၿမိဳ႕မွာ ဧၿပီလ ၂၄ ရက္ေန႔က ျပဳလုပ္တဲ့ ရပ္ဝန္းနဲ႔  ပိုးလမ္းမ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ဖိုရမ္မွာ တ႐ုတ္သမၼတ မစၥတာ ရွီက်င့္ဖ်င္က ေျပာၾကားခဲ့တာပါ။ ဒါ့အျပင္ ဖိုရမ္ကို တက္ေရာက္လာတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ႏွစ္ႏိုင္ငံနယ္စပ္ တည္ၿငိမ္ ေအးခ်မ္းဖို႔ ပူးေပါင္းထိန္းသိမ္းေရးေတြကို တ႐ုတ္နဲ႔အတူ လုပ္ေဆာင္သြားမယ္လို႔ ကတိျပဳခဲ့ပါတယ္။

ဖိုရမ္ က်င္းပေနတဲ့ တစ္ခ်ိန္တည္းမွာလည္း ေျမာက္ပိုင္း မဟာမိတ္သံုးဖြဲ႔က ျမန္မာ့ၿငိမ္းခ်မ္းေရး ျဖစ္စဥ္မွာ တ႐ုတ္ႏိုင္ငံက ၾကားဝင္ေစ့စပ္ေပးဖို႔ ေတာင္းဆိုတဲ့ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

နှစ်နိုင်ငံနယ်စပ် တည်ငြိမ်ရေးကို မြန်မာနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ တရုတ်ပြော


နှစ်နိုင်ငံနယ်စပ် တည်ငြိမ်ရေးကို မြန်မာနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ ဆန္ဒရှိနေတယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားလိုက်ပါတယ်။


တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ ဧပြီလ ၂၄ ရက်နေ့က ပြုလုပ်တဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်မှာ တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်က ပြောကြားခဲ့တာပါ။ ဒါ့အပြင် ဖိုရမ်ကို တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း နှစ်နိုင်ငံနယ်စပ် တည်ငြိမ် အေးချမ်းဖို့ ပူးပေါင်းထိန်းသိမ်းရေးတွေကို တရုတ်နဲ့အတူ လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။


ဖိုရမ် ကျင်းပနေတဲ့ တစ်ချိန်တည်းမှာလည်း မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးဖို့ တောင်းဆိုတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။


?bph6