
0
105




တပ်မတော်ကို တစိမ့်စိမ့် ကြည်​ညိုလာပြီလို့ ဒါရိုက်​တာ မင်းထင်ကိုကိုကြီး ပြော
တပ်မတော်ကို တစိမ့်စိမ့် ကြည်ညိုလာပြီလို့ ပုဒ်မ နှစ်ခုနဲ့ တရားစွဲဆိုခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောဆိုလိုက်ပါတယ်။


ဧပြီလ ၂၅ ရက်နေ့က ရန်​ကုန်​မြို့၊ အင်​းစိန်​မြို့နယ်​တရားရုံးမှာ ၂ ကြိမ်​​မြောက်​ ရုံးထုတ်​စစ်​​ဆေးခဲ့ပြီးနောက် တရားခွင်​က အထွက်​မှာ အခုလို ပြောဆိုခဲ့တာပါ။ တပ်မတော်ကို တစ်စိမ့်စိမ့် ကြည်ညိုလာတာကြောင့် နောင်ကို ကြည်ညိုလာတယ်လို့ပဲ ပြောတော့မယ်လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောဆိုခဲ့ပါတယ်။


ဒါရိုက်​တာ မင်​းထင်​ကိုကိုကြီးကို တပ်​မ​တော်​နဲ့ ကာကွယ်​​ရေးဦးစီးချုပ်​ရဲ့ ဂုဏ်​သိက္ခာ ကျဆင်​း​အောင် ​လုပ်​​ဆောင်တယ်လို့ ဆိုပြီး ရန်​ကုန်​တိုင်​းစစ်​ဌာနချုပ်​က ဒုတိယ ဗိုလ်​မှူးကြီး လင်​းထွန်​းက ဆက်​သွယ်​​ရေး ဥပ​ဒေပုဒ်​မ ၆၆ (ဃ) နဲ့ အကြည်ညိုပျက်စေမှု ပုဒ်​မ ၅ဝ၅ (က) တို့နဲ့ ဦးတိုက်​​လျှောက်​ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။


?bph6