
0
121



လက်ရှိမှာ ဗဟိုကော်မတီက စိစစ်အတည်ပြုပြီးသူတွေကို လူကိုယ်တိုင်တွေ့ဆုံမေးမြန်း အကဲဖြတ်ကာ အမြဲနေထိုင်ရန် ခွင့်ပြုသင့်၊ မပြုသင့်ကို ကော်မတီဝင်တွေ အနေနဲ့ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြဖို့ လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးသိန်ေးဆွက ထည့်သွင်း ပြောကြားခဲ့ပါတယ်။


စိစစ်အတည်ပြုပြီးသား နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူတွေကို လူတွေ့မေးမြန်း
မြန်မာနိုင်ငံမှာ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူတွေအနက် နိုင်ငံခြားသား အမြဲ နေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီက စိစစ်အတည်ပြုပြီးသူတွေကို လူတွေ့မေးမြန်း အကဲဖြတ်တဲ့ လုပ်ငန်းစဉ်ကို ဧပြီလ ၂၃ ရက်နေ့က နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့ပါတယ်။


လျှောက်ထားသူတွေကို ထုတ်ပြန်ပြဋ္ဌာန်းထားတဲ့ နည်းဥပဒေနဲ့အညီ ဖြစ်စေရေးအတွက် လုပ်ငန်းကော်မတီ၊ ဗဟိုကော်မတီတို့က အဆင့်ဆင့်စိစစ်ရွေးချယ်ကာ လူတွေ့မေးမြန်း အကဲဖြတ်ပြီး အဆင့်ဆင့် အတည်ပြုကာ အမြဲနေထိုင်ခွင့် ခွင့်ပြုပေးနေတာ ဖြစ်ပါတယ်။


လက်ရှိမှာ ဗဟိုကော်မတီက စိစစ်အတည်ပြုပြီးသူတွေကို လူကိုယ်တိုင်တွေ့ဆုံမေးမြန်း အကဲဖြတ်ကာ အမြဲနေထိုင်ရန် ခွင့်ပြုသင့်၊ မပြုသင့်ကို ကော်မတီဝင်တွေ အနေနဲ့ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြဖို့ လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးသိနေ်းဆွက ထည့်သွင်း ပြောကြားခဲ့ပါတယ်။


မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေကို ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ မြန်မာနိုင်ငံသားဟောင်းနဲ့ သွေးချင်းဆက်စပ်သူတွေဆိုပြီး အမျိုးအစား ၄ မျိုး ခွဲခြားသတ်မှတ်ကာ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် ကျင့်သုံးခွင့်ပြု ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။

ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ မြန်မာနိုင်ငံသားဟောင်းနဲ့ သွေးချင်းဆက်စပ်သူတွေဆိုပြီး အမျိုးအစား ၄ မျိုး ခွဲခြားသတ်မှတ်ကာ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် ကျင့်သုံးခွင့်ပြု ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။


?bph6