ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Certificate of Origin) ကို အွန်လိုင်းကနေ လုပ်နိုင်တော့မယ်

0
189









ကုန်သွယ်လုပ်ငန်းရှင်တွေက နိုင်ငံရဲ့ ထွက်ကုန်တွေကို နိုင်ငံခြားကိုတင်ပို့တဲ့အခါ နိုင်ငံတွင်းမှာ ထုတ်လုပ် အရင်းခံ အမှန်ဖြစ်ပါတယ်ဆိုတာကို ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Certificate of Origin)ထုတ်ပေးတာပါ ဖြစ်ပါတယ်။

နိုင်ငံတကာ ပို့ကုန်တွေ တင်ပို့ရာမှာ အဆင်ပြေချောမွေ့စေဖို့ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Certificate of Origin) ကို Semi Online စနစ်ကနေ Fully Online Electronic CO စနစ်ကို ဇွန်လက စတင် အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက်စိုင်းဟန်ကပေးပို့ထားပါတယ်။

နိုင်ငံတကာပို့ကုန်တွေတင်ပို့ရာမှ အဆင်ပြေချောမွေ့စေမယ့် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Certificate of Origin) ကို လက်ရှိ အွန်လိုင်းကနေ ဆောင်ရွက်နိုင်အောင် Semi Online စနစ်ကနေ Fully Online Electronic CO စနစ်ကို လာမယ့် ဇွန်လက စတင် အသုံးပြုသွားမယ်လို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ဒေဝ ကပြောပါတယ်။

ဧပြီလ ၂၄ရက်နေ့က ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ရုံးမှာ Full Online Electronic CO စနစ်နဲပပတ်သက်ပြီး ္စ ဒုတိယအကြိမ်ရှင်းလင်းဆွေးနွေးခဲ့တာပါ။

Soundbite – ဦးကျော်ဒေဝ (တွဲဖက်အထွေထွေအတွင်းရေးမှူး)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်
အဲ့ဒီစနစ်ကို စတင်အသုံးပြုနိုင်ဖို့ အွန်လိုင်းစနစ် လုပ်ဆောင်ပြီးဖြစ်ပေမယ့် UMFCCI ရဲ့ မိတ်ဖက် အသင်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရမယ့် အခြေအနေတွေ လုပ်ဆောင်နိုင်ဖို့ အစက သတ်မှတ်ထားတဲ့ မေလ ၁ ရက်နေ့ အစား ဇွန်လလယ်လောက်မှာ အပြည့်အဝကျင့်သုံးမယ်လိုလည်း ပြောပါတယ်။

Soundbite – ဦးကျော်ဒေဝ (တွဲဖက်အထွေထွေအတွင်းရေးမှူး)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်
ကုန်သွယ်လုပ်ငန်းရှင်တွေက နိုင်ငံရဲ့ ထွက်ကုန်တွေကို နိုင်ငံခြားကိုတင်ပို့တဲ့အခါ နိုင်ငံတွင်းမှာ ထုတ်လုပ် အရင်းခံ အမှန်ဖြစ်ပါတယ်ဆိုတာကိ်ု ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Certificate of Origin)ထုတ်ပေးတာပါ ဖြစ်ပါတယ်။


?bph6