ရခိုင္စစ္ပြဲေတြ ရပ္စဲၿပီး ေခါင္းေဆာင္ တြေဆြးေႏြးဖုိ႔ အရပ္ဖက္အဖြဲ႔အစည္း ၂၉၀ ေက်ာ္ ေတာင္းဆို

0
209

ရခိုင္ျပည္နယ္အတြင္းမွာ ေလးလၾကာ ျဖစ္ပြားေနတဲ့ တုိက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာသူေတြ မ်ားျပားလာေနသလို ထိခိုက္ေသဆံုးတာေတြလည္း ရွိေနတဲ့အတြက္ အပစ္ခတ္ရပ္စဲၿပီးေတာ့ ႏွစ္ဖက္ေခါင္းေဆာင္ေတြ ေတြ႔ဆံုေဆြးေႏြးၾကဖုိ႔ ရခုိင္ျပည္နယ္ အရပ္ဖက္အဖြဲ႔အစည္းေပါင္း ၂၉၈ ဖြဲ႔တို႔က သေဘာထား ေၾကညာခ်က္တစ္ေစာင္ကို မေန႔ ဧၿပီ ၂၃ ရက္ေန႔မွာ ထုတ္ျပန္လိုက္ပါတယ္။

အဲ့ဒီထုတ္ျပန္ခ်က္ကို ရခုိင္ျပည္လံုးဆိုင္ရာ အရပ္ဖက္ လူမႈအဖြဲ႔အစည္းမ်ား မိတ္ဖက္အဖြဲ႔က ထုတ္ျပန္လိုက္တာျဖစ္ၿပီး ေၾကညာခ်က္ထဲမွာ ရခိုင္ျပည္နယ္အတြင္းက စစ္ေရးပဋိပကၡေတြနဲ႔ ပတ္သက္လို႔ ေျဖရွင္းေဆာင္ရြက္ဖုိ႔ လိုအပ္ေနတဲ့ အဓိကအခ်က္ ၅ ခ်က္ကို ေတာင္းဆိုထားပါတယ္။

လက္ရွိ ရခိုင္္ျပည္နယ္ ျပႆနာဟာ စစ္ေရးနဲ႔ေျဖရွင္းလို႔မရတာေၾကာင့္ စစ္ပြဲေတြကို ရပ္စဲၿပီးေတာ့ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးေကာ္မတီ NRPC ၊ တပ္မေတာ္နဲ႔ AA လက္နက္ကိုင္တပ္ဖြဲ႔တို႔ ေတြ႔ဆံုေဆြးေႏြးၾကၿပီး အျမန္ဆံုး ႏွစ္ဖက္သေဘာတူ စာခ်ဳပ္ကို လက္မွတ္ေရးထုိးၾကဖုိ႔ လိုအပ္တယ္လို႔ ဦးခိုင္ေကာင္းစံက ေျပာပါတယ္။ ဒါ့အျပင္ ေျမာက္ဦးအပါအဝင္ ရခုိင္ျပည္နယ္အတြင္းက ယာဥ္ေက်းမႈ အေမြအႏွစ္ဇုန္ေတြမွာ တိုက္ပြဲေတြမျဖစ္ဖုိ႔၊ ေက်းရြာေတြ၊ ယဥ္ေက်းမႈ အေဆာက္အအံုေတြနဲ႔ နီးရာေနရာေတြမွာ တပ္စခန္းေတြ မခ်ထားဖုိ႔အတြက္ကိုလည္း တိုက္တြန္းထားပါတယ္။

ရခိုင္ျပည္နယ္အတြင္း စစ္ေဘးေရွာင္ဦးေရ ၃၅၀၀၀ ဝန္းက်င္အထိ ရွိလာေနတဲ့အတြက္ အဲ့ဒီ စစ္ေဘးေရွာင္ေတြ လူ႔ဂုဏ္သိကၡာနဲ႔အညီ ေနထိုင္ႏုိင္ေရး၊ ေနရပ္သို႔ ေဘးကင္းလံုၿခံဳစြာ ျပန္လည္သြားေရာက္ေနထို္င္ႏုိင္ေရးတို႔ အတြက္လည္း အစိုးရက ႏုိင္ငံတကာအဖြဲ႔အစည္းေတြ၊ အရပ္ဖက္ အဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ဖုိ႔ကိုလည္း ဦးခိုင္ေကာင္းစံက တိုက္တြန္းေျပာၾကားထားပါတယ္။ အဲ့ဒီေၾကညာခ်က္ကို ထုတ္ျပန္လိုက္ျခင္းျဖင့္ စစ္ေရးကိစၥရပ္ေတြကို အစိုးရက တစ္စံုတစ္ရာဝင္ေရာက္ စြက္ဖက္ခြင့္ မရွိေပမယ့္ ဒုကၡသည္အေရး ကိစၥေတြကို ေဆာင္ရြက္ရာမွာေတာ့ တခ်ိဳ႕က႑ေတြအတြက္ ထိေရာက္တဲ့ ေထာက္ပံ့ကူညီမႈေတြ ရရွိလာႏုိင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ဦးခိုင္ေကာင္းစံက ေျပာပါတယ္။

ရခိုင်စစ်ပွဲတွေ ရပ်စဲပြီး ခေါင်းဆောင် တွဆွေးနွေးဖို့ အရပ်ဖက်အဖွဲ့အစည်း ၂၉၀ ကျော် တောင်းဆို
ရခိုင်ပြည်နယ်အတွင်းမှာ လေးလကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူတွေ များပြားလာနေသလို ထိခိုက်သေဆုံးတာတွေလည်း ရှိနေတဲ့အတွက် အပစ်ခတ်ရပ်စဲပြီးတော့ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြဖို့ ရခိုင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းပေါင်း ၂၉၈ ဖွဲ့တို့က သဘောထား ကြေညာချက်တစ်စောင်ကို မနေ့ ဧပြီ ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။


အဲ့ဒီထုတ်ပြန်ချက်ကို ရခိုင်ပြည်လုံးဆိုင်ရာ အရပ်ဖက် လူမှုအဖွဲ့အစည်းများ မိတ်ဖက်အဖွဲ့က ထုတ်ပြန်လိုက်တာဖြစ်ပြီး ကြေညာချက်ထဲမှာ ရခိုင်ပြည်နယ်အတွင်းက စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဖြေရှင်းဆောင်ရွက်ဖို့ လိုအပ်နေတဲ့ အဓိကအချက် ၅ ချက်ကို တောင်းဆိုထားပါတယ်။


လက်ရှိ ရခိုင်ပြည်နယ် ပြဿနာဟာ စစ်ရေးနဲ့ဖြေရှင်းလို့မရတာကြောင့် စစ်ပွဲတွေကို ရပ်စဲပြီးတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကော်မတီ NRPC ၊ တပ်မတော်နဲ့ AA လက်နက်ကိုင်တပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြပြီး အမြန်ဆုံး နှစ်ဖက်သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးကြဖို့ လိုအပ်တယ်လို့ ဦးခိုင်ကောင်းစံက ပြောပါတယ်။ ဒါ့အပြင် မြောက်ဦးအပါအဝင် ရခိုင်ပြည်နယ်အတွင်းက ယာဉ်ကျေးမှု အမွေအနှစ်ဇုန်တွေမှာ တိုက်ပွဲတွေမဖြစ်ဖို့၊ ကျေးရွာတွေ၊ ယဉ်ကျေးမှု အဆောက်အအုံတွေနဲ့ နီးရာနေရာတွေမှာ တပ်စခန်းတွေ မချထားဖို့အတွက်ကိုလည်း တိုက်တွန်းထားပါတယ်။


ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၃၅၀ဝ၀ ဝန်းကျင်အထိ ရှိလာနေတဲ့အတွက် အဲ့ဒီ စစ်ဘေးရှောင်တွေ လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်ရေး၊ နေရပ်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်သွားရောက်နေထိ်ုင်နိုင်ရေးတို့ အတွက်လည်း အစိုးရက နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ဦးခိုင်ကောင်းစံက တိုက်တွန်းပြောကြားထားပါတယ်။

အဲ့ဒီကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြင့် စစ်ရေးကိစ္စရပ်တွေကို အစိုးရက တစ်စုံတစ်ရာဝင်ရောက် စွက်ဖက်ခွင့် မရှိပေမယ့် ဒုက္ခသည်အရေး ကိစ္စတွေကို ဆောင်ရွက်ရာမှာတော့ တချို့ကဏ္ဍတွေအတွက် ထိရောက်တဲ့ ထောက်ပံ့ကူညီမှုတွေ ရရှိလာနိုင်မယ်လို့ မျှော်လင့်ကြောင်း ဦးခိုင်ကောင်းစံက ပြောပါတယ်။


?bph6