မုံရွာမှာ အသက် ၈၀နဲ့အထက် ဘိုးဘွားတွေကို ဒုတိယအကြိမ် ပူဇော်ပွဲပြုလုပ်

0
178








မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်မှာ အသက် ၈၀ နဲ့ အထက်ရှိတဲ့ ဘိုးဘွားတွေကို ဒုတိယကြိမ်မြောက် သက်ကြီး ပူဇော်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး၊ တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်မှာ ဧပြီလ ၂၁ ရက်နေ့က အသက် ၈၀ နဲ့ အထက်ရှိတဲ့ ဘိုးဘွား ၄၈ ဦးကို ဒုတိယကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ပြုလုပ်ခဲ့ပါတယ်။
ဘိုးဘွား တစ်ဦးစီကို ငွေကျပ် ၂ သောင်း ၃ ထောင်၊ ဆေးဝါး၊ စားသောက်စရာတွေနဲ့ ကန်တော့ခဲ့ကြတာ ဖြစ်ပါတယ်။

Soundbite ဦးကျော်စွာလွင် (ရပ်ကွက်အုပ်ချုပ်ရေးမှူး) စက်မှုဇုန်ရပ်ကွက်၊ မုံရွာမြို့

အဲဒီလို ဘိုးဘွားတွေကို ကန်တော့နိုင်ဖို့အတွက် ရပ်ကွက်နေပြည်သူတွေနဲ့ ဒေသခံအလှူရှင်တွေဆီက ငွေကျပ် သိန်း ၂၀ ကျော် ရရှိခဲ့တယ်လို့ စက်မှုဇုန်ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

Soundbite ဦးကျော်စွာလွင် (ရပ်ကွက်အုပ်ချုပ်ရေးမှူး) စက်မှုဇုန်ရပ်ကွက်၊ မုံရွာမြို့

ပြီးခဲ့တဲ့နှစ်က အခုလို သက်ကြီး ဘိုးဘွား ၂၀ ကျော်ကို ကန်တော့ခဲ့ပြီး၊ အခုနှစ်မှာတော့ သက်ကြီး ဘိုးဘွား နှစ်ဆ ကျော်တိုးလာတယ်လို့ စက်မှုဇုန်ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ် ခင်ဗျာ။


?bph6