အိုင္ဗရီကို႔စ္မွာ ျမန္မာ့ဆန္ေတြဖ်က္စီးခံရတာကို စံုစမ္းမႈေတြျပဳလုပ္ေန

0
312

ျမန္မာ႔ဆန္ တန္ ၁၈၀၀၀ ဖ်က္စီးခံရတာဟာ ဆန္အရည္အေသြးနဲ႔ မသက္ဆုိင္တာေၾကာင္႔ စုံစမ္းမႈေတြ ျပဳလုပ္ေနဆဲျဖစ္တယ္လုိ႔ ျမန္မာနုိင္ငံ ဆန္စပါးအသင္းခ်ဳပ္က ေျပာပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏၱာမုိးက ေပးပုိ႔ထားပါတယ္။

အုိင္ဗရီကုိ႕စ္နုိ္င္ငံမွာ လူစားသုံးဖို႔ မသင့္ဘူးဆိုၿပီး ျမန္မာႏိုင္ငံက တင္ပို႔တဲ့ ဆန္တန္ခ်ိန္ ၁၈၀၀၀ ဖ်က္ဆီးခံရာတာဟာ ဆန္အရည္အေသြးနဲ႔ မသက္ဆုိင္တာေၾကာင္႔ စုံစမ္းမႈေတြ ျပဳလုပ္ေနဆဲျဖစ္တယ္လုိ႔ ျမန္မာနုိင္ငံ ဆန္စပါးအသင္းခ်ဳပ္ရဲ႕ ဥကၠ႒ ဦးရဲမင္းေအာင္ ကေျပာပါတယ္။

အဲဒီ ဆန္ေတြကို FOB စနစ္နဲ တင္ဖုိ႔တာျဖစ္ၿပီး ဆိပ္ကမ္းကုိ ေရာက္ရွိခ်ိန္အထိသာ ျမန္မာႏုိင္ငံက တင္ပို႔သူေတြရဲ႕ တာဝန္ျဖစ္သလုိ ဆိပ္ကမ္းအားနည္းခ်က္ေတြကုိလည္း ျမန္မာႏိုင္ငံအစုိးရအဖြဲ႕ကို တင္ျပထား တယ္လုိ႔ ေျပာပါတယ္။

ဧၿပီလ ၂၂ ရက္ေန႔က ျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္း႐ွင္မ်ား အသင္းခ်ဳပ္႐ုံးမွာ အိုင္ဗရီကို႔စ္က ျမန္မာ့ဆန္ တန္ခ်ိန္ ၁၈၀၀၀ ကို ဖ်က္ဆီးခဲ႔တဲ႔အေပၚ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္က သတင္းစာရွင္းလင္းခ့ဲတာပါ။

Soundbite   ဦးရဲမင္းေအာင္ (ဥကၠ႒)

            ျမန္မာနုိင္ငံဆန္စပါးအသင္းခ်ဳပ္

ဒါအျပင္ ျမန္မာ့ဆန္ဟာ ဓာတုေဗဒ ဓာတ္ေဆးဝါးေတြ ပါဝင္တာ မ႐ွိတာေၾကာင့္ အာမခံႏုိင္ေၾကာင္း ဆန္ပ်က္စီးမႈမွာ ျမန္မာႏုိင္ငံကုိ အေၾကာင္းမၾကားခဲ့တာေၾကာင့္ စုံစမ္းမႈေတြ၊ သေဘၤာတာဝန္႐ွိေတြနဲ႔ ေတြ႔ဆုံမႈေတြ ျပဳလုပ္ေနတယ္လုိ႔လည္း ျမန္မာနုိင္ငံဆန္စပါးအသင္းခ်ဳပ္ ဒုတိယ ဥကၠ႒ ဦးေအာင္သန္းဦး ကေျပာပါတယ္။

Soundbite   ဦးေအာင္သန္းဦး (ဒုတိယ ဥကၠ႒)

              ျမန္မာနုိင္ငံဆန္စပါးအသင္းခ်ဳပ္

ျမန္မာႏိုင္ငံက ဆန္ေတြကို ၂၀၁၈ ခုႏွစ္ စက္တင္ဘာလက အာဖရိကနုိင္ငံေတြကုိ တင္ပို႔ခဲ့ၿပီး ၂၀၁၉ခုႏွစ္ ဧၿပီလ ၁၇ ရက္ေန႕က အုိင္ဗရီကုိ႔စ္နုိင္ငံမွာ စားသုံးရန္မသင့္ဆုိၿပီး ျမန္မာ႔ဆန္ေတြကုိ ဖ်က္ဆီးခဲ့တာလည္း ျဖစ္ပါတယ္ရွင္။

မြန်မာ့ဆန် တန် ၁၈၀ဝ၀ ဖျက်စီးခံရတာဟာ ဆန်အရည်အသွေးနဲ့ မသက်ဆိုင်တာကြောင့် စုံစမ်းမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။

အိုင်ဗရီကို့စ်နိ်ုင်ငံမှာ လူစားသုံးဖို့ မသင့်ဘူးဆိုပြီး မြန်မာနိုင်ငံက တင်ပို့တဲ့ ဆန်တန်ချိန် ၁၈၀ဝ၀ ဖျက်ဆီးခံရာတာဟာ ဆန်အရည်အသွေးနဲ့ မသက်ဆိုင်တာကြောင့် စုံစမ်းမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ဥက္ကဋ္ဌ ဦးရဲမင်းအောင် ကပြောပါတယ်။

အဲဒီ ဆန်တွေကို FOB စနစ်နဲ တင်ဖို့တာဖြစ်ပြီး ဆိပ်ကမ်းကို ရောက်ရှိချိန်အထိသာ မြန်မာနိုင်ငံက တင်ပို့သူတွေရဲ့ တာဝန်ဖြစ်သလို ဆိပ်ကမ်းအားနည်းချက်တွေကိုလည်း မြန်မာနိုင်ငံအစိုးရအဖွဲ့ကို တင်ပြထား တယ်လို့ ပြောပါတယ်။

ဧပြီလ ၂၂ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံးမှာ အိုင်ဗရီကို့စ်က မြန်မာ့ဆန် တန်ချိန် ၁၈၀ဝ၀ ကို ဖျက်ဆီးခဲ့တဲ့အပေါ် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတင်းစာရှင်းလင်းခဲ့တာပါ။

Soundbite ဦးရဲမင်းအောင် (ဥက္ကဋ္ဌ)
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

ဒါအပြင် မြန်မာ့ဆန်ဟာ ဓာတုဗေဒ ဓာတ်ဆေးဝါးတွေ ပါဝင်တာ မရှိတာကြောင့် အာမခံနိုင်ကြောင်း ဆန်ပျက်စီးမှုမှာ မြန်မာနိုင်ငံကို အကြောင်းမကြားခဲ့တာကြောင့် စုံစမ်းမှုတွေ၊ သင်္ဘောတာဝန်ရှိတွေနဲ့ တွေ့ဆုံမှုတွေ ပြုလုပ်နေတယ်လို့လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်သန်းဦး ကပြောပါတယ်။

Soundbite ဦးအောင်သန်းဦး (ဒုတိယ ဥက္ကဋ္ဌ)
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

မြန်မာနိုင်ငံက ဆန်တွေကို ၂၀၁၈ ခုနှစ် စက်တင်ဘာလက အာဖရိကနိုင်ငံတွေကို တင်ပို့ခဲ့ပြီး ၂၀၁၉ခုနှစ် ဧပြီလ ၁၇ ရက်နေ့က အိုင်ဗရီကို့စ်နိုင်ငံမှာ စားသုံးရန်မသင့်ဆိုပြီး မြန်မာ့ဆန်တွေကို ဖျက်ဆီးခဲ့တာလည်း ဖြစ်ပါတယ်ရှင်။


?bph6