နည္းျပအသစ္က ျမန္မာ့လက္ေ႐ြးစင္အသင္းအတြက္ ရလဒ္ေကာင္းေတြယူေဆာင္ႏိုင္မယ္လို႔ ေျပာ

0
332

ျမန္မာ့လက္ေရြးစင္ေဘာလုံးအသင္းအတြက္ ခန္႔အပ္လိုက္တဲ့ နည္းျပအသစ္ဟာ အေကာင္းဆုံးရလဒ္ေတြ ဖန္တီးႏိုင္လိမ့္မယ္လို႔ ႔ ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႔ခ်ဳပ္က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္စိုင္းဟန္က ေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕႔ခ်ဳပ္က လစ္လပ္ေနတ့ဲ ျမန္မာလက္ေရြးစင္ ေဘာလုံးအသင္းနည္းျပခ်ဳပ္ေနရာအတြက္ စနစ္တက်ေသခ်ာေရြးခ်ယ္ထားတာအေၾကာင့္ ျမန္မာ့လက္ေရြးစင္ေဘာလုံးအသင္းကို အေကာင္းဆုံးရလဒ္ေတြ ေပးႏိုင္မွာ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕႔ခ်ဳပ္ အေထြေထြအတြင္းေရးမွဴး ဦးကိုကိုသိန္း ကေျပာပါတယ္။

ဧၿပီလ ၂၃ရက္ေန႔က ရန္ကုန္ၿမိဳ႕ ျမန္မာႏုိင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္႐ုံးရဲ႕ အစည္းအေ၀းခန္းမမွာ ျမန္မာ့လက္ေရြးစင္အသင္း နည္းျပခ်ဳပ္အသစ္ မိတ္ဆက္တဲ့ အခမ္းအနားျပဳလုပ္ခ့ဲတာပါ။

Soundbite – ဦးကိုကိုသိန္း(အေထြေထြအတြင္းေရးမွဴး)

ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႔ခ်ဳပ္

အခုအသစ္ခန္႔အပ္လိုက္တ့ဲ နည္းျပခ်ဳပ္အသစ္ဟာ လက္ဘႏြန္ ႏိုင္ငံလက္ေရြးစင္အသင္းကို ေလးႏွစ္ကိုင္တြယ္ခ့ဲဖူးသူျဖစ္ၿပီး အသင္းကို ကမၻာ့အဆင့္ ၁၄၇ ေနရာကေန ၂၀၁၈ ခုႏွစ္မွာ ကမၻာအဆင့္ ၇၇ေရာက္ရွိေအာင္ စြမ္းေဆာင္ေပးသူခ့ဲသူျဖစ္ပါတယ္။

ျမန္မာႏိုင္ငံဟာ ေဘာလုံးအားကစားကို ခ်စ္ျမတ္ႏိုးတ့ဲ ႏိုင္ငံျဖစ္ၿပီး လူငယ္ကစားသမားေတြက အရည္အေသြးေတြရွိတာေၾကာင့္ အားလုံးစနစ္တက် ႀကိဳးပမ္းေလ့က်င့္ပါက အေကာင္းဆုံးရလဒ္ေတြ ရႏိုင္မယ္လို႔ နည္းျပခ်ဳပ္အသစ္ မီရိုဒရပ္ ရာဂ်ဴလိုဗစ္က ေျပာပါတယ္။

Soundbite – မစၥတာ မီရိုဒရပ္ ရာဂ်ဴလိုဗစ္ (နည္းျပခ်ဳပ္)

ျမန္မာလက္ေရြးစင္ေဘာလုံးအသင္း

မီ႐ိုဒရပ္ ရာဒူလိုဗစ္နဲ႔ သူ႔ရဲ႕လက္ေထာက္နည္းျပတို႔ကို ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလအထိ စာခ်ဳပ္နဲ႔ ငွားရမ္းမွာ ျဖစ္တယ္လို႔ MFF က ေၾကညာထားပါတယ္။ မီ႐ိုဒရပ္ ရာဒူလိုဗစ္ (၅၁ ႏွစ္) ဟာ ဂ်ာမန္ နည္းျပ အန္တိုနီ ေဟး ထြက္ခြာသြားၿပီးေနာက္ ျမန္မာ့လက္ေရြးစင္ေဘာလုံးအသင္းရဲ႕ လစ္လပ္တဲ့ ေနရာကို တာဝန္ယူ ကိုင္တြယ္သြားမွာ ျဖစ္ပါတယ္ ခင္ဗ်ာ။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအတွက် ခန့်အပ်လိုက်တဲ့ နည်းပြအသစ်ဟာ အကောင်းဆုံးရလဒ်တွေ ဖန်တီးနိုင်လိမ့်မယ်လို့ ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်စိုင်းဟန်က ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က လစ်လပ်နေတဲ့ မြန်မာလက်ရွေးစင် ဘောလုံးအသင်းနည်းပြချုပ်နေရာအတွက် စနစ်တကျသေချာရွေးချယ်ထားတာအကြောင့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို အကောင်းဆုံးရလဒ်တွေ ပေးနိုင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း ကပြောပါတယ်။

ဧပြီလ ၂၃ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးရဲ့ အစည်းအဝေးခန်းမမှာ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်အသစ် မိတ်ဆက်တဲ့ အခမ်းအနားပြုလုပ်ခဲ့တာပါ။

Soundbite – ဦးကိုကိုသိန်း(အထွေထွေအတွင်းရေးမှူး)
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်

အခုအသစ်ခန့်အပ်လိုက်တဲ့ နည်းပြချုပ်အသစ်ဟာ လက်ဘနွန် နိုင်ငံလက်ရွေးစင်အသင်းကို လေးနှစ်ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး အသင်းကို ကမ္ဘာ့အဆင့် ၁၄၇ နေရာကနေ ၂၀၁၈ ခုနှစ်မှာ ကမ္ဘာအဆင့် ၇၇ရောက်ရှိအောင် စွမ်းဆောင်ပေးသူခဲ့သူဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဘောလုံးအားကစားကို ချစ်မြတ်နိုးတဲ့ နိုင်ငံဖြစ်ပြီး လူငယ်ကစားသမားတွေက အရည်အသွေးတွေရှိတာကြောင့် အားလုံးစနစ်တကျ ကြိုးပမ်းလေ့ကျင့်ပါက အကောင်းဆုံးရလဒ်တွေ ရနိုင်မယ်လို့ နည်းပြချုပ်အသစ် မီရိုဒရပ် ရာဂျူလိုဗစ်က ပြောပါတယ်။

Soundbite – မစ္စတာ မီရိုဒရပ် ရာဂျူလိုဗစ် (နည်းပြချုပ်)
မြန်မာလက်ရွေးစင်ဘောလုံးအသင်း

မီရိုဒရပ် ရာဒူလိုဗစ်နဲ့ သူ့ရဲ့လက်ထောက်နည်းပြတို့ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအထိ စာချုပ်နဲ့ ငှားရမ်းမှာ ဖြစ်တယ်လို့ MFF က ကြေညာထားပါတယ်။ မီရိုဒရပ် ရာဒူလိုဗစ် (၅၁ နှစ်) ဟာ ဂျာမန် နည်းပြ အန်တိုနီ ဟေး ထွက်ခွာသွားပြီးနောက် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ လစ်လပ်တဲ့ နေရာကို တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။


?bph6