
0
309




မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရတဲ့ လူနာကုသရေးဌာနတွေ ဖွင့်လှစ်မယ်
“ခွေးကိုက်ခံရတဲ့ လူနာ ကုသရေးဌာန (Dog Bite Center) တွေ ” ဖွင့်လှစ်နိုင်ရေး ရှင်းလင်းတင်ပြမှု အစည်းအဝေးကို ဧပြီလ ၂၂ရက်နေ့က နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှာပြုလုပ်ခဲ့ပါတယ် ။


Dog Bite Center တွေ ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်တဲ့နေရာ၊ ဝန်ထမ်းအင်အား၊ ဆေးနဲ့ ဆေးပစ္စည်းကိရိယာတွေ ၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိန်းသိမ်းထားဖို့ ရေခဲသေတ္တာ တို့ကို အသင့်ပြင်ဆင်ပြီး ဝန်ထမ်းတွေကို မွမ်းမံသင်ကြားမှုတွေ ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းတင်က ပြောပါတယ် ။


မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရသူ အရေအတွက်မှာ တစ်စထက်တစ်စ များပြားနေတာဖြစ်ပြီး စာရင်းဇယားတွေ အရ (၂၀၁၈) ခုနှစ်မှာ(၁၉၀ဝ၀ဝ) ကျော်ရှိနေပြီ ဖြစ်ပါတယ် ။