လည္ပင္းလွီး ဆဲြႀကိဳးလုယူသူကို CCTV မွတ္တမ္းမွာ ေတြ႔႐ွိ

0
521

ဧၿပီလ ၂၂ ရက္ေန႔ မနက္ပိုင္းက ရန္ကုန္ၿမိဳ႕၊ အလုံၿမိဳ႕နယ္ ငုဝါလမ္း တိုက္အမွတ္ ၇၈ မွာ ေဈးဝယ္ျပန္လာသူ အမ်ိဳးသမီးတစ္ဦးကို တိုက္ခန္းေလွကား ပထမထပ္အေရာက္ ေနာက္မွကပ္ပါလာသူက ဓါးျဖင့္လည္ပင္းလွီးကာ ဆြဲႀကိဳးလုယက္မႈ ျဖစ္ပြားခဲ႔ပါတယ္။

အဲဒီလို ဆြဲႀကိဳးလုယက္သူကို တိုက္အမွတ္ ၇၈ အနီး CCTV မွတ္တမ္းမွာ ေတြ႔႐ွိရၿပီး အလုံၿမိဳ႕နယ္ ရဲစခန္းက စုံစမ္း႐ွာေဖြေနတာလည္း ျဖစ္ပါတယ္။

လည္ပင္းလွီးခံရသူ အမ်ိဳးသမီးကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး အထူးၾကပ္မတ္ကုသေဆာင္မွာ ေဆးကုသမႈ ေပးေနၿပီး အခုလက္႐ွိမွာ စိုးရိမ္စရာမ႐ွိဘူးလို႔ အဲဒီအမ်ိဳးသမီးရဲ႕ ခင္ပြန္းျဖစ္သူက ေျပာပါတယ္။

ဆြဲႀကိဳးလုယက္မႈ ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး အလုံၿမိဳ႕နယ္ရဲစခန္းကို ဧၿပီလ ၂၂ ရက္ေန႔ ညေနမွာ သြားေရာက္ ေမးျမန္းေပမယ့္ အခုလတ္တေလာ ေျဖၾကားခြင့္မ႐ွိေသးေၾကာင္း အလုံၿမိဳ႕နယ္ရဲစခန္းတာဝန္႐ွိသူက ေျပာပါတယ္။

လည်ပင်းလှီး ဆွဲကြိုးလုယူသူကို CCTV မှတ်တမ်းမှာ တွေ့ရှိ
ဧပြီလ ၂၂ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ အလုံမြို့နယ် ငုဝါလမ်း တိုက်အမှတ် ၇၈ မှာ ဈေးဝယ်ပြန်လာသူ အမျိုးသမီးတစ်ဦးကို တိုက်ခန်းလှေကား ပထမထပ်အရောက် နောက်မှကပ်ပါလာသူက ဓါးဖြင့်လည်ပင်းလှီးကာ ဆွဲကြိုးလုယက်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီလို ဆွဲကြိုးလုယက်သူကို တိုက်အမှတ် ၇၈ အနီး CCTV မှတ်တမ်းမှာ တွေ့ရှိရပြီး အလုံမြို့နယ် ရဲစခန်းက စုံစမ်းရှာဖွေနေတာလည်း ဖြစ်ပါတယ်။
လည်ပင်းလှီးခံရသူ အမျိုးသမီးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှု ပေးနေပြီး အခုလက်ရှိမှာ စိုးရိမ်စရာမရှိဘူးလို့ အဲဒီအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက ပြောပါတယ်။

ဆွဲကြိုးလုယက်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အလုံမြို့နယ်ရဲစခန်းကို ဧပြီလ ၂၂ ရက်နေ့ ညနေမှာ သွားရောက် မေးမြန်းပေမယ့် အခုလတ်တလော ဖြေကြားခွင့်မရှိသေးကြောင်း အလုံမြို့နယ်ရဲစခန်းတာဝန်ရှိသူက ပြောပါတယ်။


?bph6