
0
440




တူရကီ အကူအညီပေးရေး အေင်ဂျင်စီက စစ်တွေမှာ ဆေးခန်းဖွင့်
တူရကီ အစိုးရအထောက်အပံ့နဲ့ လည်ပတ်နေတဲ့ အေဂျင်စီတစ်ခုက ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဆေးခန်းတစ်ခန်းကို မနေ့က ဧပြီလ ၂၂ ရက်နေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။

အဲဒီဆေးခန်းမှာ အသေးစား ခွဲစိတ်မှုတွေ၊ မိခင်နဲ့ ကလေး စောင့်ရှောက်ရေး၊ ပြင်ပလူနာနဲ့ အထွေထွေ ဆေးကုသမှုတွေ လုပ်ဆောင်ပေးမယ်လို့ တူရကီ ကော်ပိုရေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (TIKA) က ပြောပါတယ်။
ဒီဆေးခန်းမှာ လူမျိုး၊ ဘာသာ မရွေး ကုသပေးမှာ ဖြစ်ကြောင်းလည်း TIKA က ကြေညာထားပါတယ်။