Reuters အမႈ ေနာက္ဆံုးအယူခံ ပယ္ခ်ခံရ

0
334

အစိုးရလွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒနဲ႔ ေထာင္ဒဏ္ ခုနစ္ႏွစ္ ခ်မွတ္ခံထားရတဲ့ Reuters သတင္းေထာက္ ကိုဝလံုးနဲ႔ ကိုေက်ာ္စိုးဦးတို႔ အမႈရဲ႕ ေနာက္ဆံုးအယူခံကို ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္က ပယ္ခ်လိုက္ပါတယ္။

သတင္းေထာက္ ကိုဝလံုး (၃၃ ႏွစ္) နဲ႔ ကိုေက်ာ္စိုးဦး (၂၉ ႏွစ္) တို႔ရဲ႕ ပထမအယူခံကို ရန္ကုန္တိုင္းတရား႐ံုးက ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ ပယ္ခ်ခဲ့ၿပီး ျဖစ္ပါတယ္။ အဲဒီေနာက္ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္မွာ ေနာက္ဆံုးအယူခံ တင္ခဲ့ၿပီး ဒီကေန႔ ဧၿပီလ ၂၃ ရက္ေန႔မွာ ထပ္မံ ပယ္ခ်ခဲ့တာ ျဖစ္ပါတယ္။

ဝလံုးနဲ႔ ေက်ာ္စိုးဦးတို႔ဟာ ဘယ္ျပစ္မႈကိုမွ မက်ဴးလြန္ခဲ့သလို သူတို႔ က်ဴးလြန္ခဲ့ပါတယ္ဆိုတဲ့ အေထာက္အထားလည္း မရွိေၾကာင္း Reuters အတိုင္ပင္ခံခ်ဳပ္ ဂီးလ္ ဂို႔ဗ္က ေျပာပါတယ္။

Reuters အမှု နောက်ဆုံးအယူခံ ပယ်ချခံရ
အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထားရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အမှုရဲ့ နောက်ဆုံးအယူခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပယ်ချလိုက်ပါတယ်။

သတင်းထောက် ကိုဝလုံး (၃၃ နှစ်) နဲ့ ကိုကျော်စိုးဦး (၂၉ နှစ်) တို့ရဲ့ ပထမအယူခံကို ရန်ကုန်တိုင်းတရားရုံးက ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီနောက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ နောက်ဆုံးအယူခံ တင်ခဲ့ပြီး ဒီကနေ့ ဧပြီလ ၂၃ ရက်နေ့မှာ ထပ်မံ ပယ်ချခဲ့တာ ဖြစ်ပါတယ်။

ဝလုံးနဲ့ ကျော်စိုးဦးတို့ဟာ ဘယ်ပြစ်မှုကိုမှ မကျူးလွန်ခဲ့သလို သူတို့ ကျူးလွန်ခဲ့ပါတယ်ဆိုတဲ့ အထောက်အထားလည်း မရှိကြောင်း Reuters အတိုင်ပင်ခံချုပ် ဂီးလ် ဂို့ဗ်က ပြောပါတယ်။


?bph6