စစ္ေတြၿမိဳ႕မွာ သစ္ပင္ေတြ မခုတ္ဖို႔ အစိုးရကုိ ေမတၱာရပ္ခံစာေပးပို႔မယ္

0
127

စစ္ေတြၿမိဳ႕ေပၚမွာ သစ္ပင္ေတြကို မခုတ္ဖုိ႔ လူမႈအဖြဲ႔အစည္းေတြစုေပါင္းၿပီး အစိုးရကို ေမတၱာရပ္ခံစာေပးပို႔သြားဖုိ႔ ရွိေနပါတယ္။ ဒီသတင္းကို MCN ရခို္င္ျပည္နယ္ သတင္းေထာက္မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ေပၚက ရပ္ကြက္ေတြမွာ ထိန္းသိမ္းထားတ့ဲ သစ္ပင္ေတြကို လွ်ပ္စစ္မီးႀကိဳးေတြနဲ႔ မလြတ္ကင္းဘူး ဆိုၿပီး ခုတ္လဲွမႈေတြ ျပဳလုပ္ေနတာျဖစ္ပါတယ္။

အဲ့ဒီထဲက တခ်ိဳ႕သစ္ပင္ေတြဟာ လွ်ပ္စစ္ႀကိဳးလိုင္းေတြနဲ႔ မသက္ဆုိင္တဲ့ ႏွစ္ခ်ိဳ႕သစ္ပင္ႀကီးေတြကိုပါ ထင္းအျဖစ္ ခုတ္ယူမႈေတြ ရွိေနတာေၾကာင့္ ၿမိဳ႕တြင္းက သစ္ပင္ေတြကို မခုတ္ဖုိ႔ အရပ္ဖက္လူမႈအဖြဲ႔အစည္းေတြစုေပါင္းၿပီး ရခုိင္ျပည္နယ္ အစိုးရအဖြဲ႔ကို ေမတၱာရပ္ခံစာေပးပို႔သြားဖုိ႔ ဧၿပီလ ၂၂ ရက္ ဒီေန႔ မနက္ပိုင္းက ေဆြးေႏြးခဲ့ၾကပါတယ္။

အင္တာဗ်ဴး – ဦးခိုင္ေကာင္းစံ (ဒါရိုက္တာအဖြဲ႔ဝင္)

ဝံလက္ ေဒသဖြံ႔ၿဖိဳးေရးေဖာင္ေဒးရွင္း

လက္ရွိမွာ စစ္ေတြၿမိဳ႕ရဲ႕ အပူရွိန္ေတြဟာ ႏွစ္စဥ္ျမင့္မားလာေနၿပီး သစ္ပင္ေတြကို ထိန္းသိမ္းကာကြယ္ဖုိ႔အတြက္ အစိုးရမွာအျပည့္အဝတာဝန္ရွိေၾကာင္းနဲ႔ ျပည္သူေတြစိုက္ပ်ိဳးထားတဲ့ သစ္ပင္ေတြကို လိုအပ္တာထက္ ခုတ္ယူေနတာဟာ မလုပ္သင့္တဲ့လုပ္ရပ္တစ္ခုျဖစ္တယ္လို႔ လူမႈအဖြဲ႔အစည္းေတြက ေထာက္ျပခဲ့ၾကပါတယ္။

အင္တာဗ်ဴး – ဦးၿငိမ္းခ်မ္း (ဒါရိုက္တာ)

သဇင္ (ဥပေဒအေထာက္အကူျပဳကြန္ရက္)

အခုလို ရာသီကိုေရာက္တုိင္း အရင္ကလည္း သစ္ပင္ေတြကိုခုတ္ယူမႈေတြရွိခဲ့ၿပီး သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး အဖြဲ႔ေတြက သက္ဆိုင္ရာဌာနေတြအေနနဲ႔ သစ္ပင္ေတြကိုခုတ္မယ္ဆိုရင္ ညွိႏႈိင္းတိုင္ပင္ၿပီး ျပဳလုပ္ၾကဖုိ႔ အႀကံျပဳထားတာေတြ ရွိပါတယ္။

အင္တာဗ်ဴး – ဦးမိုးေက်ာ္ (ဒုဥကၠဌ)

စိမ္းျပာသဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအဖဲြ႔

ဒါ့အျပင္ ဌာနဆိုင္ရာေတြအေနနဲ႔ အခုလိုသစ္ပင္ေတြ ခုတ္ယူမႈကို တားဆီးကာကြယ္ႏုိင္ေရးအတြက္ မနက္ျဖန္မွာ အစိုးရကို ေမတၱာရပ္ခံစာေပးပို႔ၿပီး ၿမိဳ႕လူထုေတြက တားဆီးမႈေတြျပဳလုပ္ၾကဖုိ႔အတြက္ အသိပညာေပး ေဆာင္ရြက္မႈေတြ ျပဳလုပ္သြားမယ္လို႔ ေျပာပါတယ္ခင္ဗ်ာ။

စစ်တွေမြို့ပေါ်မှာ သစ်ပင်တွေကို မခုတ်ဖို့ လူမှုအဖွဲ့အစည်းတွေစုပေါင်းပြီး အစိုးရကို မေတ္တာရပ်ခံစာပေးပို့သွားဖို့ ရှိနေပါတယ်။ ဒီသတင်းကို MCN ရခိ်ုင်ပြည်နယ် သတင်းထောက်မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်က ရပ်ကွက်တွေမှာ ထိန်းသိမ်းထားတဲ့ သစ်ပင်တွေကို လျှပ်စစ်မီးကြိုးတွေနဲ့ မလွတ်ကင်းဘူး ဆိုပြီး ခုတ်လှဲမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

အဲ့ဒီထဲက တချို့သစ်ပင်တွေဟာ လျှပ်စစ်ကြိုးလိုင်းတွေနဲ့ မသက်ဆိုင်တဲ့ နှစ်ချို့သစ်ပင်ကြီးတွေကိုပါ ထင်းအဖြစ် ခုတ်ယူမှုတွေ ရှိနေတာကြောင့် မြို့တွင်းက သစ်ပင်တွေကို မခုတ်ဖို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေစုပေါင်းပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို မေတ္တာရပ်ခံစာပေးပို့သွားဖို့ ဧပြီလ ၂၂ ရက် ဒီနေ့ မနက်ပိုင်းက ဆွေးနွေးခဲ့ကြပါတယ်။

အင်တာဗျူး – ဦးခိုင်ကောင်းစံ (ဒါရိုက်တာအဖွဲ့ဝင်)
ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း

လက်ရှိမှာ စစ်တွေမြို့ရဲ့ အပူရှိန်တွေဟာ နှစ်စဉ်မြင့်မားလာနေပြီး သစ်ပင်တွေကို ထိန်းသိမ်းကာကွယ်ဖို့အတွက် အစိုးရမှာအပြည့်အဝတာဝန်ရှိကြောင်းနဲ့ ပြည်သူတွေစိုက်ပျိုးထားတဲ့ သစ်ပင်တွေကို လိုအပ်တာထက် ခုတ်ယူနေတာဟာ မလုပ်သင့်တဲ့လုပ်ရပ်တစ်ခုဖြစ်တယ်လို့ လူမှုအဖွဲ့အစည်းတွေက ထောက်ပြခဲ့ကြပါတယ်။

အင်တာဗျူး – ဦးငြိမ်းချမ်း (ဒါရိုက်တာ)
သဇင် (ဥပဒေအထောက်အကူပြုကွန်ရက်)

အခုလို ရာသီကိုရောက်တိုင်း အရင်ကလည်း သစ်ပင်တွေကိုခုတ်ယူမှုတွေရှိခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တွေက သက်ဆိုင်ရာဌာနတွေအနေနဲ့ သစ်ပင်တွေကိုခုတ်မယ်ဆိုရင် ညှိနှိုင်းတိုင်ပင်ပြီး ပြုလုပ်ကြဖို့ အကြံပြုထားတာတွေ ရှိပါတယ်။

အင်တာဗျူး – ဦးမိုးကျော် (ဒုဥက္ကဌ)
စိမ်းပြာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့

ဒါ့အပြင် ဌာနဆိုင်ရာတွေအနေနဲ့ အခုလိုသစ်ပင်တွေ ခုတ်ယူမှုကို တားဆီးကာကွယ်နိုင်ရေးအတွက် မနက်ဖြန်မှာ အစိုးရကို မေတ္တာရပ်ခံစာပေးပို့ပြီး မြို့လူထုတွေက တားဆီးမှုတွေပြုလုပ်ကြဖို့အတွက် အသိပညာပေး ဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ ပြောပါတယ်ခင်ဗျာ။


?bph6