
0
100




မြန်မာ့ဆန်မှာ ဓာတုပါဝင်မှု မရှိလို့ အာမခံနိုင်တယ်လို့ ဆန်စပါးအသင်း ဒုဥက္ကဋ္ဌ ပြော


အိုင်ဗရီကို့စ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆန်ကိစ္စမှာ ဓာတုဗေဒ ပါဝင်မှု မရှိတာကြောင့် အာမခံနိုင်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောပါတယ်။


ပြီးခဲ့တဲ့ သီတင်းပတ်က အိုင်ဗရီကို့စ်နိုင်ငံမှာ လူစားသုံးရန် မသင့်ဘူးလို့ဆိုပြီး မြန်မာ့ဆန် တန် ၁၈၀ဝ၀ ကို ဖျက်ဆီးခဲ့တဲ့အပေါ် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဧပြီလ ၂၂ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးမှာ သတင်းစာရှင်းလင်းခဲ့တာပါ။


ဒါ့အပြင် အဲ့ဒီ ဆန်ဖျက်စီးမှုမှာ မြန်မာနိုင်ငံကို အကြောင်းမကြားခဲ့တာကြောင့် ဆန်စပါးအသင်းချုပ်ကနေ စုံစမ်းမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်းလည်း ဒုတိယ ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားခဲ့ပါတယ်။


?bph6