
0
344




မြန်မာ့လက်ရွေးစင် နည်းပြချုပ်အဖြစ် မီရိုဒရပ် ရာဒူလိုဗစ်ကို ခန့်အပ်
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) က မွန်တီနီဂရိုး နိုင်ငံသား မီရိုဒရပ် ရာဒူလိုဗစ်ကို မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ်အဖြစ် အတည်ပြု ခန့်အပ်လိုက်ပါတယ်။


မီရိုဒရပ် ရာဒူလိုဗစ်နဲ့ သူ့ရဲ့ လက်ထောက်တို့ကို လာမယ့်နှစ် ဒီဇင်ဘာလအထိ စာချုပ်နဲ့ ငှားရမ်းမှာ ဖြစ်တယ်လို့ MFF က ကြေညာထားပါတယ်။ မီရိုဒရပ် ရာဒူလိုဗစ် (၅၁ နှစ်) ဟာ ဂျာမန် နည်းပြ အန်တိုနီ ဟေး ထွက်ခွာသွားပြီးနောက် လစ်လပ်တဲ့ နေရာကို တာဝန်ယူမှာ ဖြစ်ပါတယ်။


မီရိုဒရပ် ရာဒူလိုဗစ်ဟာ ၂၀ဝ၁ ခုနှစ်မှာ နည်းပြဘဝကို စတင်ခဲ့ပြီး ဆာဘီးယား၊ ပေါ်တူဂီနဲ့ ရုရှားရှိ ဘောလုံးအသင်းတွေကို ကိုင်တွယ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ လက်ဘနွန် လက်ရွေးစင် အသင်း နည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။


?bph6