
0
301




Reuters သတင်းထောက် နှစ်ဦးရဲ့ အယူခံ ဧပြီ ၂၃ မှာ စီရင်ချက် ချမယ်

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ နောက်ဆုံးအဆင့် အယူခံကို မနက်ဖြန် ဧပြီ ၂၃ ရက်နေ့မှာ စီရင်ချက် ချတော့မှာ ဖြစ်ပါတယ်။

ကိုဝလုံး (၃၃ နှစ်) နဲ့ ကိုကျော်စိုးဦး (၂၉ နှစ်) တို့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ အဖမ်းခံခဲ့ရပြီး ထောင်ထဲမှာ ရောက်နေတာ ၁ နှစ်နဲ့ ၄ လ ရှိပြီ ဖြစ်ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဘင်္ဂါလီ မွတ်စလင် ၁၀ ဦး အသတ်ခံရမှု ဖော်ထုတ်ပေးတဲ့အတွက် ၂၀၁၉ ခုနှစ် ပူလစ်ဇာဆု ပြီးခဲ့တဲ့ သီတင်းပတ်မှာ ချီးမြှင့်ခံခဲ့ရပါတယ်။


?bph6