ကူးစက္ေရာဂါ ျပန္မျဖစ္ပြားဖို႔အတြက္ ကေလးငယ္ေတြကို ကာကြယ္ေဆးထိုးဖို႔ လုပ္ေဆာင္သင့္

0
206

ကူးစက္ေရာဂါေတြ ျပန္လည္မျဖစ္ပြားေစဖုိ႔  မိဘေတြက မိမိရဲ႕ ကေလးသူငယ္ေတြကို ကာကြယ္ေဆး ထိုးဖို႔ လုပ္ေဆာင္သင့္တယ္လို႔  က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ စိုင္းဟန္ကေပးပို႔ထားပါတယ္။

ကေလးသူငယ္ေတြကို ကူးစက္ေရာဂါ ကာကြယ္ေဆးထိုးၿပီး ကေလးေနမေကာင္းတာ ကိုယ္လက္မအီသာျဖစ္တာေတြကို မိခင္ေတြက စိုးရိမ္မႈေတြရွိေနတာပါ။

အဲဒါေၾကာင့္ မိဘေတြအေနနဲ႔ ကေလးေတြကုိ  ပုံမွန္ထိုးရမယ့္ ကာကြယ္ေဆးထိုးတာ ေလ်ာ့ပါးသြားပါက ကေလးသူငယ္ေတြမွာျဖစ္ေပၚတတ္တ့ဲ ကူးစက္ေရာဂါေတြ ျပန္လည္မျဖစ္ပြားေစဖို႔  ယုံၾကည္စိတ္ခ်မႈနဲ႔ ေဆးထိုးႏွံဖို႔ လိုအပ္တယ္လို႔ ေဒါက္တာေအးျမခ်မ္းသာ က ေျပာပါတယ္ ။

ဧၿပီလ ၂၀ရက္က ရန္ကုန္ၿမိဳ႕ Mercure ဟိုတယ္မွာ ဧၿပီလ ၂၄ရက္မွ ၃၀ရက္ေန႔မွာက်ေရာက္မယ့္ World Immunization Week (2019) ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲျပဳလုပ္ခ့ဲတာပါ။

Soundbite- -ေဒါက္တာေအးျမခ်မ္းသာ (လက္ေထာက္ညႊန္ၾကားေရးမွဴး)

တိုးခ်ဲ႕ကာကြယ္ေဆးထိုးလုပ္ငန္း(က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန)

ဒါ့အျပင္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက အသက္ ၅ႏွစ္ေအာက္ ကေလးသူငယ္ေတြကို ကူးစက္ေရာဂါေတြ မျဖစ္ပြားေအာင္ ကာကြယ္ေဆးအမ်ိဳးအစား ၁၁မ်ိဳး ကာကြယ္ေဆးထိုးႏွံေပးေနတာပါ။ ဒါအ့ျပင္ ၂၀၂၀ခုႏွစ္မွာ ေနာက္ထပ္ကာကြယ္ေဆးႏွစ္မ်ိဳးကို ထပ္မံထိုးႏွံေပးသြားဖို႔ရွိတယ္လို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန တိုးခ်ဲ႕ကာကြယ္ေဆးထိုးလုပ္ငန္းက ေျပာပါတယ္။

Soundbite-ေဒါက္တာေအးျမခ်မ္းသာ (လက္ေထာက္ညႊန္ၾကားေရးမွဴး)

တိုးခ်ဲ႕ကာကြယ္ေဆးထိုးလုပ္ငန္း(က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန)

ျမန္မာႏိုင္ငံမွာ ခန္႔မွန္းကေလးသူငယ္တစ္သန္းေက်ာ္ခန္႔ရွိၿပီး ကာကြယ္ေဆးလႊမ္းၿခံဳမႈ ၈၉ရာခိုင္ႏႈန္းခန္႔ရွိပါတယ္။ ကာကြယ္ေဆးမရတ့ဲကေလးသူငယ္ေတြက ေ၀းလံေခါင္ဖ်ားတ့ဲေဒသ ၊နယ္ေျမမၿငိမ္းခ်မ္းတ့ဲသြားလာရခက္ခဲတ့ဲေဒသက ကေလးသူငယ္ေတြနဲ႔ ေရႊ႕ေျပာင္းသြားလာေနတ့ဲ မိသားစုေတြက ကေလးသူငယ္ေတြ ျဖစ္တယ္လုိ႔ ေျပာပါတယ္ ခင္ဗ်ာ။

ကူးစက်ရောဂါတွေ ပြန်လည်မဖြစ်ပွားစေဖို့ မိဘတွေက မိမိရဲ့ ကလေးသူငယ်တွေကို ကာကွယ်ဆေး ထိုးဖို့ လုပ်ဆောင်သင့်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် စိုင်းဟန်ကပေးပို့ထားပါတယ်။

ကလေးသူငယ်တွေကို ကူးစက်ရောဂါ ကာကွယ်ဆေးထိုးပြီး ကလေးနေမကောင်းတာ ကိုယ်လက်မအီသာဖြစ်တာတွေကို မိခင်တွေက စိုးရိမ်မှုတွေရှိနေတာပါ။

အဲဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို ပုံမှန်ထိုးရမယ့် ကာကွယ်ဆေးထိုးတာ လျော့ပါးသွားပါက ကလေးသူငယ်တွေမှာဖြစ်ပေါ်တတ်တဲ့ ကူးစက်ရောဂါတွေ ပြန်လည်မဖြစ်ပွားစေဖို့ ယုံကြည်စိတ်ချမှုနဲ့ ဆေးထိုးနှံဖို့ လိုအပ်တယ်လို့ ဒေါက်တာအေးမြချမ်းသာ က ပြောပါတယ်။

ဧပြီလ ၂၀ရက်က ရန်ကုန်မြို့ Mercure ဟိုတယ်မှာ ဧပြီလ ၂၄ရက်မှ ၃၀ရက်နေ့မှာကျရောက်မယ့် World Immunization Week (2019) ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

Soundbite- -ဒေါက်တာအေးမြချမ်းသာ (လက်ထောက်ညွှန်ကြားရေးမှူး)
တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း(ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)

ဒါ့အပြင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အသက် ၅နှစ်အောက် ကလေးသူငယ်တွေကို ကူးစက်ရောဂါတွေ မဖြစ်ပွားအောင် ကာကွယ်ဆေးအမျိုးအစား ၁၁မျိုး ကာကွယ်ဆေးထိုးနှံပေးနေတာပါ။ ဒါအ့ပြင် ၂၀၂၀ခုနှစ်မှာ နောက်ထပ်ကာကွယ်ဆေးနှစ်မျိုးကို ထပ်မံထိုးနှံပေးသွားဖို့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းက ပြောပါတယ်။

Soundbite-ဒေါက်တာအေးမြချမ်းသာ (လက်ထောက်ညွှန်ကြားရေးမှူး)
တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း(ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)

မြန်မာနိုင်ငံမှာ ခန့်မှန်းကလေးသူငယ်တစ်သန်းကျော်ခန့်ရှိပြီး ကာကွယ်ဆေးလွှမ်းခြုံမှု ၈၉ရာခိုင်နှုန်းခန့်ရှိပါတယ်။ ကာကွယ်ဆေးမရတဲ့ကလေးသူငယ်တွေက ဝေးလံခေါင်ဖျားတဲ့ဒေသ ၊နယ်မြေမငြိမ်းချမ်းတဲ့သွားလာရခက်ခဲတဲ့ဒေသက ကလေးသူငယ်တွေနဲ့ ရွှေ့ပြောင်းသွားလာနေတဲ့ မိသားစုတွေက ကလေးသူငယ်တွေ ဖြစ်တယ်လို့ ပြောပါတယ် ခင်ဗျာ။


?bph6