ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈနဲ႔ တရားစြဲခံရတဲ့ ၄၅ ရာခိုင္ႏႈန္းက ကရင္နီ လူငယ္ေတြျဖစ္

0
359

ၿပီးခဲ့တဲ့တစ္ႏွစ္တာအတြင္း ႏိုင္ငံေတာ္အၾကည္အညိဳပ်က္ေစမႈပုဒ္မနဲ႔တရားစြဲဆိုခံထားရတဲ့ အမႈေတြရဲ႕ ၄၅ ရာခိုင္ႏႈန္းမွာ ကရင္နီျပည္နယ္လူငယ္ေတြျဖစ္တယ္လို႔ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္လႈပ္ရွား မႈ(အသံ) အဖြဲ႕ကေျပာ ပါတယ္။ဒီသတင္းကို MCN သတင္းေထာက္ေဌးေဌးကေပးပို႔ထားပါတယ္။

ဗုိလ္ခ်ဳပ္ေၾကးရုပ္ထုကို ကရင္ျပည္နယ္မွာ  ျပည္နယ္အစိုးရကေန စိုက္ထူဖို႔ႀကိဳးစားတဲ့ေန႔ကစၿပီး ပဋိပကၡအေပၚမွာ အေျခခံကာ တစ္ႏွစ္တာအတြင္း ေလ့လာသံုးသပ္ထားတဲ့အစီရင္ခံစာမွာ ေဖာ္ျပခဲ့တာျဖစ္ တယ္လို႔လည္းေျပာပါတယ္။

ကရင္ျပည္နယ္၊လိြဳင္ေကာ္ၿမိဳ႕ရဲ႕ကႏၱာေဟ၀န္ပန္းၿခံမွာ ဗိုလ္ခ်ဳပ္ေၾကးရုပ္ထုစိုက္ ထူတာနဲ႔  ပတ္သက္ၿပီး ဆႏၵျပတဲ့သူေတြကို ၿဖိဳခြင္းတာေတြ၊ ရာဘာက်ည္နဲ႔ ပစ္တာေတြကို မ်က္ျမင္ကိုယ္ေတြ႔ ေလ့လာ သံုးသပ္ခဲ့တာျဖစ္ၿပီး အဲဒီထဲမွာ တရားစြဲဆိုခံရတဲ့ ကရင္နီျပည္သူလူငယ္ေတြက   အမ်ားဆုံးပါ၀င္ခဲ့တယ္လုိ႔ ေျပာပါတယ္ ။

Soundbite; ကိုေဆာင္းခ(လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္လႈပ္ရွားမႈ(အသံ)အဖြဲ႕

                                  အမႈေဆာင္ဒါရိုက္တာ

ဗိုလ္ခ်ဳပ္ေၾကးရုပ္စိုက္ထူေရးထက္ ဗိုလ္ခ်ဳပ္အာမခံခဲ့တဲ့ ပင္လံုကတိက၀တ္ေတြကို ေဆာလွ်င္စြာ အေကာင္အထည္ေဖာ္ေရး ၊ကရင္နီသမိုင္းတည္ရွိခဲ့တ့ဲ သူရဲေကာင္းရုပ္ထုေတြကို စိုက္ထူေရးနဲ႔ကရင္နီ စာေပ၊ ယဥ္ေက်းမႈသမိုင္းေၾကာင္းကို  ျမွင့္တင္ေရးတို႔မွာ အဓိကေတာင္းဆိုခ်က္ျဖစ္တယ္လို႔ ကရင္နီျပည္လူငယ္မ်ားအင္အားစုက ေျပာပါတယ္ ။

Soundbite;  ခြန္းေသာမတ္စ္(ေျပာေရးဆိုခြင့္ရွိသူ)

         ကရင္နီျပည္လူငယ္မ်ားအင္အားစု

ဗိုလ္ခ်ဳပ္ေၾကးရုပ္ထုအၿပီးပိုင္ဖ်က္သိမ္းေရးနဲ႔ ပတ္သက္ၿပီး ကရင္နီျပည္နယ္လူငယ္မ်ားအင္အားစု၊ ကယားျပည္နယ္အစိုးရ၊  NRPC နဲ႔KNPP တို႔ေလးပြင့္ဆိုင္အၿပီးသတ္ညွိႏႈိင္းမႈကို အခုလကုန္မွာ ေဆာင္ရြက္သြားဖို႔ရွိေနတာ ျဖစ္ပါတယ္ရွင္။

ပြီးခဲ့တဲ့တစ်နှစ်တာအတွင်း နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မနဲ့တရားစွဲဆိုခံထားရတဲ့ အမှုတွေရဲ့ ၄၅ ရာခိုင်နှုန်းမှာ ကရင်နီပြည်နယ်လူငယ်တွေဖြစ်တယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှား မှု(အသံ) အဖွဲ့ကပြော ပါတယ်။ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးကပေးပို့ထားပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ထုကို ကရင်ပြည်နယ်မှာ ပြည်နယ်အစိုးရကနေ စိုက်ထူဖို့ကြိုးစားတဲ့နေ့ကစပြီး ပဋိပက္ခအပေါ်မှာ အခြေခံကာ တစ်နှစ်တာအတွင်း လေ့လာသုံးသပ်ထားတဲ့အစီရင်ခံစာမှာ ဖော်ပြခဲ့တာဖြစ် တယ်လို့လည်းပြောပါတယ်။

ကရင်ပြည်နယ်၊လွိုင်ကော်မြို့ရဲ့ကန္တာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ်ထုစိုက် ထူတာနဲ့ ပတ်သက်ပြီး ဆန္ဒပြတဲ့သူတွေကို ဖြိုခွင်းတာတွေ၊ ရာဘာကျည်နဲ့ ပစ်တာတွေကို မျက်မြင်ကိုယ်တွေ့ လေ့လာ သုံးသပ်ခဲ့တာဖြစ်ပြီး အဲဒီထဲမှာ တရားစွဲဆိုခံရတဲ့ ကရင်နီပြည်သူလူငယ်တွေက အများဆုံးပါဝင်ခဲ့တယ်လို့ ပြောပါတယ် ။

Soundbite; ကိုဆောင်းခ(လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှု(အသံ)အဖွဲ့
အမှုဆောင်ဒါရိုက်တာ

ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရေးထက် ဗိုလ်ချုပ်အာမခံခဲ့တဲ့ ပင်လုံကတိကဝတ်တွေကို ဆောလျှင်စွာ အကောင်အထည်ဖော်ရေး ၊ကရင်နီသမိုင်းတည်ရှိခဲ့တဲ့ သူရဲကောင်းရုပ်ထုတွေကို စိုက်ထူရေးနဲ့ကရင်နီ စာပေ၊ ယဉ်ကျေးမှုသမိုင်းကြောင်းကို မြှင့်တင်ရေးတို့မှာ အဓိကတောင်းဆိုချက်ဖြစ်တယ်လို့ ကရင်နီပြည်လူငယ်များအင်အားစုက ပြောပါတယ် ။

Soundbite; ခွန်းသောမတ်စ်(ပြောရေးဆိုခွင့်ရှိသူ)
ကရင်နီပြည်လူငယ်များအင်အားစု

ဗိုလ်ချုပ်ကြေးရုပ်ထုအပြီးပိုင်ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး ကရင်နီပြည်နယ်လူငယ်များအင်အားစု၊ ကယားပြည်နယ်အစိုးရ၊ NRPC နဲ့KNPP တို့လေးပွင့်ဆိုင်အပြီးသတ်ညှိနှိုင်းမှုကို အခုလကုန်မှာ ဆောင်ရွက်သွားဖို့ရှိနေတာ ဖြစ်ပါတယ်ရှင်။


?bph6