ျပည္သူေတြရဲ႕ေငြ၊ တစ္ဦးကို တစ္ေဒၚလာႏႈန္းနဲ႔ ျမစ္ဆုံကို ျပန္ေရြးယူမယ္ဟု ဆို

0
205

တပ္မေတာ္အစိုးရ လက္ထက္က တ႐ုတ္ CPI ကုမၸဏီနဲ႔ သေဘာတူညီခဲ့တဲ့ ျမစ္ဆုံဆည္ စီမံကိန္းနဲ႔ ပတ္သက္ၿပီး အဲဒီျမစ္ဆုံကို ျပည္သူေတြ တစ္ဦးကို တစ္ေဒၚလာႏႈန္းနဲ႔ ျပန္ေရြးယူမယ္လို႔ “ဧရာဝတီကို ျပန္ေရြးယူၾကမယ္” စကားဝိုင္းေဆြးေႏြးပြဲ ဦးေဆာင္သူေတြက ေျပာပါတယ္။

ဧၿပီလ ၂၀ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ Novotel Hotel မွာ ဧရာဝတီကို ျပန္ေရြးယူၾကမယ္ စကားဝိုင္းေဆြးေႏြးပြဲ ျပဳလုပ္ခဲ႔တာပါ။ ေဆြးေႏြးပြဲရဲ႕ အဆိုျပဳခ်က္ေတြကို တ႐ုတ္-ျမန္မာ ႏွစ္ဘာသာနဲ႔ ျဖန္႔ေဝသြားမွာလည္း ျဖစ္ပါတယ္။

အဲဒီ စကားဝိုင္းေဆြးေႏြးပြဲမွာ ေဒါက္တာထြန္းလြင္ (မိုးေလ၀သပညာရွင္)၊ လဖိုင္ဆိုင္းေရာ္ (ေမတၱာဖြံ႕ၿဖိဳးေရး ေဖာင္ေဒးရွင္း တည္ေထာင္သူ)၊ စိုင္းညႊန္႔လြင္ (SNLD ပါတီအတြင္းေရးမွဴး)၊ ကိုတာ (စာေရးဆရာ)၊ ဂ်ဴး (စာေရးဆရာမ)၊ ေဒါက္တာ ျမင့္ေဇာ္ (သဘာဝ ပတ္ဝန္းက်င္ဆိုင္ရာ ပညာရွင္) တို႔နဲ႔ ေအာင္လအန္ဆန္း၊ ေတးေရး ျမင့္မိုးေအာင္၊ အကယ္ဒမီ ပိုင္ၿဖိဳးသု၊ သ႐ုပ္ေဆာင္ ေဒါင္း၊ ကာတြန္း ေအာ္ပီက်ယ္၊ အဆိုေတာ္ ေအာင္ထက္တို႔ ပါဝင္ ေဆြးေႏြးခဲ႔ပါတယ္။

ပြည်သူတွေရဲ့ငွေ၊ တစ်ဦးကို တစ်ဒေါ်လာနှုန်းနဲ့ မြစ်ဆုံကို ပြန်ရွေးယူမယ်ဟု ဆို


တပ်မတော်အစိုးရ လက်ထက်က တရုတ် CPI ကုမ္ပဏီနဲ့ သဘောတူညီခဲ့တဲ့ မြစ်ဆုံဆည် စီမံကိန်းနဲ့ ပတ်သက်ပြီး အဲဒီမြစ်ဆုံကို ပြည်သူတွေ တစ်ဦးကို တစ်ဒေါ်လာနှုန်းနဲ့ ပြန်ရွေးယူမယ်လို့ “ဧရာဝတီကို ပြန်ရွေးယူကြမယ်” စကားဝိုင်းဆွေးနွေးပွဲ ဦးဆောင်သူတွေက ပြောပါတယ်။


ဧပြီလ ၂၀ ရက်နေ့က ရန်ကုန်မြို့ရှိ Novotel Hotel မှာ ဧရာဝတီကို ပြန်ရွေးယူကြမယ် စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့တာပါ။ ဆွေးနွေးပွဲရဲ့ အဆိုပြုချက်တွေကို တရုတ်-မြန်မာ နှစ်ဘာသာနဲ့ ဖြန့်ဝေသွားမှာလည်း ဖြစ်ပါတယ်။


အဲဒီ စကားဝိုင်းဆွေးနွေးပွဲမှာ ဒေါက်တာထွန်းလွင် (မိုးလေဝသပညာရှင်)၊ လဖိုင်ဆိုင်းရော် (မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း တည်ထောင်သူ)၊ စိုင်းညွှန့်လွင် (SNLD ပါတီအတွင်းရေးမှူး)၊ ကိုတာ (စာရေးဆရာ)၊ ဂျူး (စာရေးဆရာမ)၊ ဒေါက်တာ မြင့်ဇော် (သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်) တို့နဲ့ အောင်လအန်ဆန်း၊ တေးရေး မြင့်မိုးအောင်၊ အကယ်ဒမီ ပိုင်ဖြိုးသု၊ သရုပ်ဆောင် ဒေါင်း၊ ကာတွန်း အော်ပီကျယ်၊ အဆိုတော် အောင်ထက်တို့ ပါဝင် ဆွေးနွေးခဲ့ပါတယ်။


?bph6