လေပြင်းတိုက်ခတ်မှုကြောင့် ဆားလင်းကြီးမြို့နယ်ထဲက နေအိမ်တချို့ ပျက်စီ

0
170








လေပြင်းတိုက်မှုကြောင့် ဆားလင်းကြီးမြို့နယ်ထဲက နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

ဧပြီလ ၁၈ ရက်နေ့ညက လေပြင်းတိုက်ခတ်မှုကြောင့် ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင်၊ ဝဲကြီး၊ ဝဲကွဲ၊ ရွာသစ်၊ တုံရွာသစ်၊ တုံရွာမ၊ တုံလယ်တော၊ ထန်းတော အစရှိတဲ့ ကျေးရွာတွေက အိမ်ခြေအချို့ ထိခိုက် ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

ရွာသစ်ကျေးရွာမှာတော့ နေအိမ် ၇ လုံး အိမ်တိုင်ကျွတ်ထွက်သွားပြီး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Soundbite ဒေါက်တာသိန်းနိုင် (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်) ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

အခုလို လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ နေရာတွေကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတွေ သွားရောက်လေ့လာပြီး လိုအပ်တဲ့အကူအညီတွေကို ဆောင်ရွက်ပေးနေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်ဝန်ကြီးက ပြောပါတယ်။

Soundbite ဦးမြင့်ကြည် (စည်ပင်သာယာရေးဝန်ကြီး) စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

လေပြင်းတိုက်မှုကြောင့် ပြိုကျ ပျက်စီးသွားတဲ့ အိမ်တွေနဲ့ ဒေသခံတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ကူညီထောက်ပံ့မှု ပေးထားတာ ဖြစ်ပါတယ် ခင်ဗျာ။


?bph6