ေဒါင္းတုိ႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႕ဝင္ မေကခုိ္င္ထြန္းကုိ အာမခံနဲ႔ ျပန္လႊတ္

0
273

တပ္မေတာ္က ပုဒ္မ ၅၀၅ (က) နဲ႔ တရားစြဲထားတဲ့ ေဒါင္းတုိ႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႕ဝင္ တစ္ဦးျဖစ္တဲ့ မေကခုိင္ထြန္းကုိ မေန႔ ေန႔လည္ပိုင္းက ဖမ္းဆီးေခၚေဆာင္ခဲ့ၿပီး ညေနပုိင္းမွာ အာမခံနဲ႔  ျပန္လႊတ္ေပးခဲ့ပါတယ္။

မေကခုိင္ထြန္းဟာ မေန႔  ဧၿပီလ ၁၉ ရက္ေန႔ ေန႔လည္ပုိင္းက ရန္ကုန္ၿမိဳ႕၊ ဟယ္လ္ပင္ကေလး ေဆး႐ံုမွာ သူနာျပဳအျဖစ္ တာဝန္ထမ္းေဆာင္ေနစဥ္ မရမ္းကုန္းရဲတပ္ဖြဲ႔က လာေရာက္ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ ေဒါင္းတုိ႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႔မွာ ပါဝင္ခဲ့တဲ့ ငါးဦးကုိ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (က) နဲ႔ အမႈဖြင့္ခံထားရတာပါ။

ေဒါင္းတုိ႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႕ကုိ အရင္က ေကာ်ငး္သားသမဂၢ အဖြဲ႕၀င္ေတြနဲ႔ လက္ရွိ ေက်ာင္းသား အဖြဲ႔၀င္ေတြက နုိင္ငံအတြင္းရွိ နုိင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ သဘာဝ ပတ္ဝန္းက်င္နဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာ စတဲ့ကိစၥေတြကုိ သံခ်ပ္ထုိး ေဖ်ာ္ေျဖမႈေတြကုိ ၂၀၁၂ ခုႏွစ္က စတင္ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် မကေခိ်ုင်ထွန်းကို အာမခံနဲ့ ပြန်လွှတ်

တပ်မတော်က ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ မကေခိုင်ထွန်းကို မနေ့ နေ့လည်ပိုင်းက ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ညနေပိုင်းမှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။


မကေခိုင်ထွန်းဟာ မနေ့ ဧပြီလ ၁၉ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ ဟယ်လ်ပင်ကလေး ဆေးရုံမှာ သူနာပြုအဖြစ် တာဝန်ထမ်းဆောင်နေစဉ် မရမ်းကုန်းရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ငါးဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတာပါ။


ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို အရင်က ကျောငး်သားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ လက်ရှိ ကျောင်းသား အဖွဲ့ဝင်တွေက နိုင်ငံအတွင်းရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ စတဲ့ကိစ္စတွေကို သံချပ်ထိုး ဖျော်ဖြေမှုတွေကို ၂၀၁၂ ခုနှစ်က စတင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


?bph6