ဘဂၤါလီေတြ ေနရပ္ျပန္ေရး ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ေမလမွာ ေတြ႔ဆံုေဆြးေႏြးမယ္

0
75


ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းက ဘဂၤါလီေတြ ေနရပ္ျပန္ေရးနဲ႔ ပတ္သက္ၿပီး ေလးႀကိမ္ေျမာက္ အစည္းအေဝးကို လာမယ့္ ေမလ ၃ ရက္ေန႔ ေနျပည္ေတာ္မွာ က်င္းပမွာ ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ ရွိတ္ခ္ ဟာစီနာကလည္း ဘ႐ူႏိုင္းႏိုင္ငံကို လည္ပတ္စဥ္ အာဆီယံအေနနဲ႔ ေနရပ္ျပန္ေရး အစီအစဥ္မွာ အကူအညီေပးဖို႔ ေျပာသြားမယ္လို႔လည္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီး ေအေက မိုမင္က ေျပာပါတယ္။

ေနရပ္ျပန္ေရးအစီအစဥ္ မႏွစ္က စတင္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တဲ့ေနာက္ပိုင္း အခု အစည္းအေဝးက ပထမဆံုးအႀကိမ္ ျဖစ္ပါတယ္။ ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္အရ မႏွစ္ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလမွာ စတင္ဖို႔ သေဘာတူညီခဲ့ၾကပါတယ္။

ဒါေပမယ့္ ကုလသမဂၢ ေအဂ်င္စီေတြရဲ႕ ၾကားဝင္မႈေၾကာင့္ ေနရပ္ျပန္မယ့္သူေတြကို ဘဂၤလားေဒ့ရွ္ဘက္က မပို႔ခဲ့ဘဲ ျမန္မာဘက္က လက္ခံႏိုင္တဲ့ အေျခအေန မရွိေသးဘူးလို႔ အေၾကာင္းျပခဲ့ပါတယ္။

ဘင်္ဂါလီတွေ နေရပ်ပြန်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် မေလမှာ တွေ့ဆုံဆွေးနွေးမယ်

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ဘင်္ဂါလီတွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး လေးကြိမ်မြောက် အစည်းအဝေးကို လာမယ့် မေလ ၃ ရက်နေ့ နေပြည်တော်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာကလည်း ဘရူနိုင်းနိုင်ငံကို လည်ပတ်စဉ် အာဆီယံအနေနဲ့ နေရပ်ပြန်ရေး အစီအစဉ်မှာ အကူအညီပေးဖို့ ပြောသွားမယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေ မိုမင်က ပြောပါတယ်။

နေရပ်ပြန်ရေးအစီအစဉ် မနှစ်က စတင်ခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့နောက်ပိုင်း အခု အစည်းအဝေးက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အရ မနှစ် ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖို့ သဘောတူညီခဲ့ကြပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ ကြားဝင်မှုကြောင့် နေရပ်ပြန်မယ့်သူတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က မပို့ခဲ့ဘဲ မြန်မာဘက်က လက်ခံနိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့ အကြောင်းပြခဲ့ပါတယ်။


?bph6