
0
188




နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဆေးရှဲလ် ဒုတိယ သမ္မတတို့ တွေ့ဆုံ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို အလွတ်သဘောလာရောက် လည်ပတ်နေတဲ့ ဆေးရှဲလ်သမ္မတနိုင်ငံ ဒုတိယ သမ္မတ မစ္စတာ ဗင်းဆင့် မာရီတန်ကို ဧပြီလ ၁၉ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မအိမ်တော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဆေးရှဲလ်ကျွန်းနိုင်ငံဟာ အာဖရိက အရှေ့ဘက် ကမ်းလွန် အိန္ဒိယသမုဒ္ဒရာထဲမှာရှိပြီး ကျွန်းပေါင်း ၁၁၅ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ လှပတဲ့ ပင်လယ်ကမ်းခြေတွေကြောင့် နာမည်ကျော်ကြားပြီး မြန်မာနိုင်ငံသား တချို့လည်း ဟိုတယ်လုပ်ငန်းတွေမှာ သွားရောက် လုပ်ကိုင်နေကြပါတယ်။


?bph6