
0
301




ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို ဧပြီလ ၃၀ မှာ ထပ်မံ ရုံးထုတ်မယ်

တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ (ခ) တို့နဲ့ တရားစွဲဆိုထားတဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို လာမယ့် ဧပြီလ ၃၀ ရက်နေ့မှာ ဒုတိယအကြိမ် ရုံးချိန်း ထပ်မံ ချိန်းဆိုထားပါတယ်။


လက်ရှိမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ (ခ) တို့နဲ့ တရားစွဲထားတဲ့ ဦးနေမျိုးဇင်ကို ပထမဆုံးရုံးချိန်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် တရားရုံးက အာမခံမပေးဘဲ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။


ဧပြီလ ၄ ရက်နေ့က တိုက်ကြီးမြို့မ ရဲစခန်းမှာ တရားစွဲဆိုခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အဖျောက်မြို့နယ်မှာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟောပြောပွဲမှာ တပ်မတော်ကို ဝေဖန်ပြောဆိုခဲ့တဲ့အပေါ် အခုလို တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။


?bph6