ဆားလင္းႀကီးၿမိဳ႕နယ္က ႐ြာသံုး႐ြာက ကိုယ္ထူကိုယ္ထ မီးလင္းေရး ေဆာင္႐ြက္ႏုိင္ခဲ့

0
442

ဆားလင္းႀကီးၿမိဳ႕နယ္ထဲက ေက်းရြာ ၃ ရြာက အိမ္ေထာင္စုတစ္စုကို လစဥ္ က်ပ္ ၅ ေသာင္းႏႈန္းနဲ႔ ကိုယ္ထူကိုယ္ထ မီးလင္းေရးေဆာင္႐ြက္ႏိုင္ခဲ႔တာ ျဖစ္ပါတယ္။ ဒီသတင္းကို MCN မုံရြာသတင္းေထာက္ တင္မာေဆြက ေပးပို႔ထားၿပီး၊ တင္ေမာင္ေထြးက တင္ဆက္ေပးထားပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ ဆားလင္းႀကီးၿမိဳ႕နယ္ထဲက ႐ွမ္းကိုင္းအေ႐ွ႕ရြာ၊ ႐ွမ္းကိုင္းအေနာက္ရြာနဲ႔ ေပေတာေက်းရြာမွာ အိမ္ေထာင္စု တစ္စုကို လစဥ္ က်ပ္ ၅ ေသာင္းႏႈန္းထည့္ဝင္ၿပီး ကိုယ္ထူကိုယ္ထ မီးလင္းေရး ေဆာင္ရြက္ႏုိင္ခဲ႔တာ ျဖစ္ပါတယ္။

ဧၿပီလ ၁၉ ရက္ေန႔က ဆားလင္းႀကီးၿမိဳ႕နယ္ ႐ွမ္းကိုင္းေက်းရြာအုပ္စုမွာ ကိုယ္ထူကိုယ္ထ လွ်ပ္စစ္မီးလင္းေရး ဖြင့္ပြဲ အခမ္းအနားျပဳလုပ္ခဲ႔တာပါ။

Soundbite ကိုမဲ (ေဒသခံ) ဆားလင္းႀကီးၿမိဳ႕နယ္၊ ႐ွမ္းကိုင္းအေ႐ွ႕ရြာ

အဲဒီလို ကိုယ္ထူကိုယ္ထ မီးလင္းႏိုင္ေရးအတြက္ ႐ွမ္းကိုင္းအေနာက္ရြာက တစ္အိမ္ေထာင္စု ထည့္ဝင္ေၾကး က်ပ္ ၂၁၀၀၀၀ ႏႈန္းသတ္မွတ္ထားၿပီး၊ ႐ွမ္းကိုင္းအေ႐ွ႕ရြာက တစ္အိမ္ေထာင္စု ထည့္ဝင္ေၾကး ၂၅၀၀၀၀ ႏႈန္း သတ္မွတ္ထားတာ ျဖစ္ပါတယ္။

Soundbite ဦးတင္ေဆြ (ဥကၠ႒) ႐ွမ္းကိုင္ေက်းရြာ၊ ကိုယ္ထူကိုယ္ထမီးလင္းေရးေကာ္မတီ

ဆားလင္းႀကီးၿမိဳ႕နယ္၊ ရွမ္းကိုင္းအေရွ႕ရြာနဲ႔ အေနာက္ရြာ မီးလင္းနိုင္ေရးအတြက္ က်ပ္ သိန္းရွစ္ရာသံုးဆယ္ေက်ာ္ ကုန္က်ခဲ့တာျဖစ္ၿပီး၊ စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႔က ရွမ္းကိုင္းအေနာက္ရြာကို ထရန္စေဖၚမာ တစ္လုံးနဲ႔ ရွမ္းကိုင္းအေရွ႕ရြာကို ေက်းလက္ေဒသ ဖြံ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာနက က်ပ္ ၉၈ သိန္းခ်ထားေပးခဲ႔တာ ျဖစ္ပါတယ္ ခင္ဗ်ာ။

ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာ ၃ ရွာက အိမ်ထောင်စုတစ်စုကို လစဉ် ကျပ် ၅ သောင်းနှုန်းနဲ့ ကိုယ်ထူကိုယ်ထ မီးလင်းရေးဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး၊ တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ထဲက ရှမ်းကိုင်းအရှေ့ရွာ၊ ရှမ်းကိုင်းအနောက်ရွာနဲ့ ပေတောကျေးရွာမှာ အိမ်ထောင်စု တစ်စုကို လစဉ် ကျပ် ၅ သောင်းနှုန်းထည့်ဝင်ပြီး ကိုယ်ထူကိုယ်ထ မီးလင်းရေး ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဧပြီလ ၁၉ ရက်နေ့က ဆားလင်းကြီးမြို့နယ် ရှမ်းကိုင်းကျေးရွာအုပ်စုမှာ ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့တာပါ။

Soundbite ကိုမဲ (ဒေသခံ) ဆားလင်းကြီးမြို့နယ်၊ ရှမ်းကိုင်းအရှေ့ရွာ

အဲဒီလို ကိုယ်ထူကိုယ်ထ မီးလင်းနိုင်ရေးအတွက် ရှမ်းကိုင်းအနောက်ရွာက တစ်အိမ်ထောင်စု ထည့်ဝင်ကြေး ကျပ် ၂၁၀ဝ၀ဝ နှုန်းသတ်မှတ်ထားပြီး၊ ရှမ်းကိုင်းအရှေ့ရွာက တစ်အိမ်ထောင်စု ထည့်ဝင်ကြေး ၂၅၀ဝ၀ဝ နှုန်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Soundbite ဦးတင်ဆွေ (ဥက္ကဋ္ဌ) ရှမ်းကိုင်ကျေးရွာ၊ ကိုယ်ထူကိုယ်ထမီးလင်းရေးကော်မတီ

ဆားလင်းကြီးမြို့နယ်၊ ရှမ်းကိုင်းအရှေ့ရွာနဲ့ အနောက်ရွာ မီးလင်းနိုင်ရေးအတွက် ကျပ် သိန်းရှစ်ရာသုံးဆယ်ကျော် ကုန်ကျခဲ့တာဖြစ်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ရှမ်းကိုင်းအနောက်ရွာကို ထရန်စဖေါ်မာ တစ်လုံးနဲ့ ရှမ်းကိုင်းအရှေ့ရွာကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျပ် ၉၈ သိန်းချထားပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။

?bph6