
0
254




 

<>>>>>>>>>>>>>>>>>>>>>>>>

 

ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံက ယန်းသန်း၃၂၀ဝ ကျော်အကူအညီပေး

ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့  ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ဂျပန်နိုင်ငံက  ယန်း သန်း ၃၂၀ဝ ကျော်အကူအညီပေးမယ့် စာချွန်လွှာ (၂) စောင် ကို ဧပြီလ ၁၀ ရက်နေ့က ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန မှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ကျေးလက်ဒေသတွေမှာ  စိုက်ပျိုးရေးစက်ပစ္စည်းနဲ့  ဆောက်လုပ်ရေးပစ္စည်း ကိရိယာတွေ   ထောက်ပံ့ရေး စီမံချက်အတွက် ဂျပန်ယန်း (၄၄၄) သန်းနဲ့  လေယာဉ်စောင့်ကြပ်ကြည့်ရှု စနစ် မြှင့်တင်ခြင်း စီမံချက်အတွက် ဂျပန်ယန်း (၂၈၂၈) သန်း အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ တွေ လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြတာ  ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့  စိုက်ပျိုးရေးကဏ္ဍနဲ့  ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတို့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက် အကူဖြစ်စေမှာ ဖြစ်ပြီး မြန်မာ-ဂျပန်နှစ်နိုင်ငံ အကြားချစ်ကြည်ရင်းနှီးမှုနဲ့  ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုတိုးတက်လာစေမှာလည်း ဖြစ်ပါတယ်။

?bph6