မုံရွာမြို့ ကန်သာယာဥယျာဉ်ထဲက လမ်းလျှောက်သင်္ကြန် ပုသိမ်ထီးအလက် ၃၀၀ နဲ့ အလှဆင်

0
180








မုံရွာမြို့ ကန်သာယာဥယျာဉ်ထဲက လမ်းလျှောက်သင်္ကြန်ကို ပုသိမ်ထီးအလက် ၃၀ဝ နဲ့ အလှဆင်ထားတာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

မုံရွာမြို့မှာ ပထမဆုံး လမ်းလျှောက်သင်္ကြန်အနေနဲ့ ကန်သာယာဥယျာဉ်မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး လမ်းတလျှောက်မှာ ပုသိမ်ထီးအလက် ၃၀ဝ အလှဆင်ထားတာ ဖြစ်ပါတယ်။

အဲဒီ လမ်းလျှောက် သင်္ကြန်မှာ ရိုးရာအသွင်သဏ္ဍန်ကို ထင်ဟပ်စေမယ့် အုန်းလက်တို့နဲ့ အလှဆင်ထားသလို ရေကစားမဏ္ဍပ် ၃၀ ခု၊ လောင်းလှေ ၃၀ ကျော်နဲ့ လာရောက်သူတွေ ရေကစားနိုင်အောင် စီစဉ်ထားပါတယ်။

Soundbite ဦးညီပု (ဥက္ကဋ္ဌ)
စစ်ကိုင်းတိုင်းဒေသကြီး၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု၊ ပြန်လည် စိစစ်ရေးကော်မတီ

လမ်းလျှောက် သင်္ကြန်မှာ လာရောက်ရေကစားသူတွေကို မြန်မာရိုးရာနဲ့အညီ ဖြစ်စေဖို့ သနပ်ခါးလိမ်းပွဲတော်ကို ထည့်သွင်းထားပြီး စတုဒီသာမဏ္ဍပ်တွေလည်း ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Soundbite ဦးအောင်နေမျိုး (အတွင်းရေးမှူး)
လမ်းလျှောက်သင်္ကြန် ဖြစ်မြောက်ရေးကော်မတီ

အဲဒီလို လမ်းလျှောက် သင်္ကြန် ဖြစ်မြောက်ဖို့အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းသုံး၊ ကျောက်ထုတ်လုပ်ရောင်းချသူ လုပ်ငန်းရှင်များအသင်းက ပံ့ပိုးပေးထားတာ ဖြစ်ပါတယ် ခင်ဗျာ။

?bph6