
0
169



လူကုန်ကူးမှု အများဆုံးဖြစ်ပွားနေတဲ့ နိုင်ငံအများစုမှာ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ထိုင်း၊ တရုတ်စတဲ့ နိုင်ငံတွေ ဖြစ်ပြီး ပင်လယ်ရေကြောင်းခြားနားတဲ့ နိုင်ငံတွေမှာတော့ လူကုန်ကူးမှု နည်းပါးကြောင်းလည်း ဒေါက်တာ ထွန်းဇော်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံမှာ အလုပ်အကိုင်ကို အကြောင်းပြုပြီး လူကုန်ကူးခံရမှု အများဖြစ်ပွားနေ

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လူကုန်ကူးခံရမှု အများဆုံးမှာ ပုံစံအမျိုးမျိုးရှိပေမယ့် အလုပ်အကိုင်ကို အကြောင်းပြပြီး လူကုန်ကူးခံရမှုက အများဆုံးဖြစ်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းဇော်က ပြောပါတယ်။

ဧပြီလ ၉ ရက်နေ့က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ရုံးခန်းမှာ ပြုလုပ်တဲ့ လူကုန်ကူးခံရသူတွေကို ကူညီပံ့ပိုးပေးနိုင်ဖို့နဲ့ စွမ်းဆောင်ရည်တိုးတက်ရေး ကွန်ရက်ချိတ်ဆက်မှုဆိုင်ရာ အဆင်မြှင့်တင်ခြင်း စီမံကိန်းမှာ မီဒီယာတွေရဲ့ မေးမြန်းချက်ကို အခုလို ဖြေကြားခဲ့တာပါ။

လူကုန်ကူးမှု အများဆုံးဖြစ်ပွားနေတဲ့ နိုင်ငံအများစုမှာ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ထိုင်း၊ တရုတ်စတဲ့ နိုင်ငံတွေ ဖြစ်ပြီး ပင်လယ်ရေကြောငး်ခြားနားတဲ့ နိုင်ငံတွေမှာတော့ လူကုန်ကူးမှု နည်းပါးကြောင်းလည်း ဒေါက်တာ ထွန်းဇော်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

?bph6