ရခုိင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရး အေထာက္အကူျပဳ ေကာ္မတီ စစ္ေတြၿမိဳ႕ကို ေရာက္ရွိ

0
596

အမ်ိဳးသားလႊတ္ေတာ္ ဒုတိယ ဥကၠ႒ ဦးေအးသာေအာင္ ဦးေဆာင္တဲ့ ရခုိင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရးအေထာက္အကူျပဳ ေကာ္မတီအဖြဲ႔ဟာ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ကို မေန႔က ဧၿပီလ ၉ ရက္ေန႔ ညေနပိုင္းမွာ ေရာက္ရွိလာခဲ့ၾကပါတယ္။

အဲ့ဒီေကာ္မတီ အဖြဲ႔ဝင္ေတြဟာ ရခိုင္ျပည္နယ္အတြင္း လက္ရွိျဖစ္ပြားေနတဲ့ ျပႆနာေတြနဲ႔ ပတ္သက္လို႔ ကူညီေဆာင္ရြက္ႏုိင္မယ့္ ကိစၥရပ္ေတြကို ဒီကေန႔မနက္ ၉ နာရီမွာ ရခုိင္ျပည္နယ္အစိုးရ အဖြဲ႔ဝင္ေတြနဲ႔ သီးသန္႔ေတြ႔ဆံု ေဆြးေႏြးခဲ့ပါတယ္။ ေန႔လည္ ၁ နာရီမွာေတာ့ ေကာ္မတီအဖြဲ႔ဟာ ရခိုင္ျပည္နယ္လႊတ္ေတာ္မွာ ေတြ႔ဆံုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့သလို ညေန ၄ နာရီမွာေတာ့ စစ္ေတြၿမိဳ႕က အရပ္ဖက္ အဖြဲ႔အစည္းေတြနဲ႔ ေကာ္မတီရဲ႕ လုပ္ငန္းစဥ္ေတြကို ေဆြးေႏြးပါတယ္။

ေကာ္မတီမွာ ဦးေအးသာေအာင္က ဥကၠ႒၊ ဒုဥကၠ႒အျဖစ္ ျပည္ေထာင္စု ျပန္ၾကားေရးဝန္ႀကီး ေဒါက္တာ ေဖျမင့္၊ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုနဲ႔ ေကာ္မတီဖြဲ႔ဝင္ေတြျဖစ္တဲ့ ျပည္ေထာင္စု အစိုးရအဖြဲ႔႐ံုးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးတင္ျမင့္၊ ရခိုင္ျပည္နယ္ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီး ဖုန္းတင့္၊ ဒုတိယေရွ႕ေနခ်ဳပ္ ဦးဝင္းျမင့္၊ ရခိုင္တုိင္းရင္းသားေရးရာ ဝန္ႀကီး ဦးေဇာ္ေအးေမာင္၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္ေမာင္အုန္းနဲ႔ ဦးညီလွငယ္တုိ႔ ပါဝင္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ စစ်တွေမြို့ကို ရောက်ရှိ

အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီအဖွဲ့ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို မနေ့က ဧပြီလ ၉ ရက်နေ့ ညနေပိုင်းမှာ ရောက်ရှိလာခဲ့ကြပါတယ်။

အဲ့ဒီကော်မတီ အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ ကူညီဆောင်ရွက်နိုင်မယ့် ကိစ္စရပ်တွေကို ဒီကနေ့မနက် ၉ နာရီမှာ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေနဲ့ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ နေ့လည် ၁ နာရီမှာတော့ ကော်မတီအဖွဲ့ဟာ ရခိုင်ပြည်နယ်လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလို ညနေ ၄ နာရီမှာတော့ စစ်တွေမြို့က အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ကော်မတီရဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးပါတယ်။

ကော်မတီမှာ ဦးအေးသာအောင်က ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအဖြစ် ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ကော်မတီဖွဲ့ဝင်တွေဖြစ်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနဲ့ ဦးညီလှငယ်တို့ ပါဝင်ပါတယ်။