ေျမာက္ဦးမွာ တိုက္ပြဲေတြ ျပင္းထန္

0
267

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕ေပၚနဲ႔ အနီးတဝိုက္ေနရာေတြမွာ မေန႔ညက တပ္မေတာ္နဲ႔ AA လက္နက္ကိုင္အဖြဲ႔တုိ႔အၾကား တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ ျဖစ္ပြားခဲ့ၾကပါတယ္။

တိုက္ပြဲေတြက ကိုးေသာင္းပုထိုးေတာ္ႀကီးအနီးမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး မေန႔ကည ၁၀ နာရီေလာက္မွာ စတင္ျဖစ္ပြားခဲ့တာပါ။ မေန႔က တစ္ညလံုး တိုက္ခိုက္မႈေတြ ျဖစ္ပြားခဲ့ေၾကာင္းနဲ႔ မနက္ ၅ နာရီေလာက္မွာေတာ့ တပ္မေတာ္ဘက္က ရဟတ္ယာဥ္ေတြနဲ႔ ပစ္ကူတိုက္ခိုက္ခဲ့တာ ရွိခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

တုိက္ပြဲျဖစ္ပြားခဲ့တဲ့ ေနရာဟာ ေျမာက္ဦးၿမိဳ႕ေပၚနဲ႔ ႏွစ္မိုင္ေလာက္ပဲကြာေဝးတဲ့ ကိုးေသာင္းပုထိုးေတာ္ႀကီးရဲ႕ ေျမာက္ဘက္ ရဲလွက်ံဳးရဲ႕အေရွ႕ဘက္နဲ႔ ေၾကာင္လည္ဒုံခံတပ္ရဲ႕ အေနာက္ဘက္ လယ္ကြင္းေတြ ရွိတဲ့ေနရာမွာ ျဖစ္ပြားခဲ့ၾကတာပါ။

လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္မႈေတြေၾကာင့္ အဲ့ဒီ အနီးအနားရွိ ေခ်ာင္းသစ္ေက်းရြာက အသက္ ၂ ႏွစ္အရြယ္ မိန္းကေလးတစ္ဦး ဗံုးစထိမွန္ၿပီး ရင္ဘတ္မွာ ထိခိုက္ဒဏ္ရာ ရရွိခဲ့ပါတယ္။ ဒါ့အျပင္ ေက်းရြာတခ်ိဳ႕အနီး တိုက္ပြဲေတြျဖစ္ပြားခဲ့လို႔ ရြာခံလူတြ ထြက္ေျပးေနၾကရတယ္လို႔ ေျမာက္ဦးေဒသခံေတြက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ဦးမှာ တိုက်ပွဲတွေ ပြင်းထန်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်နဲ့ အနီးတဝိုက်နေရာတွေမှာ မနေ့ညက တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြပါတယ်။

တိုက်ပွဲတွေက ကိုးသောင်းပုထိုးတော်ကြီးအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မနေ့ကည ၁၀ နာရီလောက်မှာ စတင်ဖြစ်ပွားခဲ့တာပါ။ မနေ့က တစ်ညလုံး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ကြောင်းနဲ့ မနက် ၅ နာရီလောက်မှာတော့ တပ်မတော်ဘက်က ရဟတ်ယာဉ်တွေနဲ့ ပစ်ကူတိုက်ခိုက်ခဲ့တာ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဟာ မြောက်ဦးမြို့ပေါ်နဲ့ နှစ်မိုင်လောက်ပဲကွာဝေးတဲ့ ကိုးသောင်းပုထိုးတော်ကြီးရဲ့ မြောက်ဘက် ရဲလှကျုံးရဲ့အရှေ့ဘက်နဲ့ ကြောင်လည်ဒုံခံတပ်ရဲ့ အနောက်ဘက် လယ်ကွင်းတွေ ရှိတဲ့နေရာမှာ ဖြစ်ပွားခဲ့ကြတာပါ။

လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် အဲ့ဒီ အနီးအနားရှိ ချောင်းသစ်ကျေးရွာက အသက် ၂ နှစ်အရွယ် မိန်းကလေးတစ်ဦး ဗုံးစထိမှန်ပြီး ရင်ဘတ်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ကျေးရွာတချို့အနီး တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ ရွာခံလူတွ ထွက်ပြေးနေကြရတယ်လို့ မြောက်ဦးဒေသခံတွေက ပြောပါတယ်။

?bph6