တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာသူ ၂၆၀၀၀ ေက်ာ္အထိ ရွိလာ

0
198

တပ္မေတာ္နဲ႔ AA ရခိုင္လက္နက္ကိုင္ အဖြဲ႔တို႔ၾကား တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာ တိမ္းေရွာင္သူ ၂၆၀၀၀ ေက်ာ္ ရွိလာတယ္လို႔ ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး႐ံုး (OCHA) က ထုတ္ျပန္ထားပါတယ္။

တိုက္ပြဲေတြေၾကာင့္ ရခိုင္နဲ႔ ခ်င္းျပည္နယ္က ေနရပ္စြန္႔ခြာသူေတြကို ဧၿပီလ ၄ ရက္ေန႔အထိ စစ္တမ္းေကာက္ယူခဲ့တာျဖစ္ၿပီး ဧၿပီလ ၉ ရက္ေန႔မွာ OCHA က ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ရခိုင္ျပည္နယ္အတြင္း ၿမိဳ႕နယ္ ငါးၿမိဳ႕နယ္ရွိ ရြာေတြကို ဇန္နဝါရီလ ၁၀ ရက္ေန႔က သြားလာခြင့္ ကန္႔သတ္ခဲ့တာေၾကာင့္ လူဦးေရ ၉ ေသာင္းခြဲဟာ လိုအပ္ေနတဲ့ အကူအညီေတြ မရေသးတာေၾကာင့္ ထိခိုက္မႈေတြ ရွိေနတယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူ ၂၆၀ဝ၀ ကျော်အထိ ရှိလာ

တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့တို့ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၂၆၀ဝ၀ ကျော် ရှိလာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OCHA) က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေကြောင့် ရခိုင်နဲ့ ချင်းပြည်နယ်က နေရပ်စွန့်ခွာသူတွေကို ဧပြီလ ၄ ရက်နေ့အထိ စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး ဧပြီလ ၉ ရက်နေ့မှာ OCHA က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ငါးမြို့နယ်ရှိ ရွာတွေကို ဇန်နဝါရီလ ၁၀ ရက်နေ့က သွားလာခွင့် ကန့်သတ်ခဲ့တာကြောင့် လူဦးရေ ၉ သောင်းခွဲဟာ လိုအပ်နေတဲ့ အကူအညီတွေ မရသေးတာကြောင့် ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

?bph6