
0
173




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံရဲ့ တချို့ ဒေသတွေမှာ ဝက်သက်ရောဂါ အစုလိုက်ဖြစ်ပွားနေ

မြန်မာနိုင်ငံရဲ့ တချို့ဒေသတွေမှာ ဝက်သက်ရောဂါ အစုလိုက်ဖြစ်ပွားနေတာကို တွေ့ရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။

ဧပြီလ ၉ ရက်နေ့က တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားခဲ့တာပါ။

ဖြစ်ပွားရတဲ့ အကြောင်းအရင်းထဲမှာ ဝက်သက်ရောဂါ ကာကွယ်ဆေး ထိုးနှံထားမှု မရှိခြင်းကြောင့်၊ ဒါမှမဟုတ် စနစ်တကျထားသိုမှု မရှိခြင်းကြောင့် စတဲ့ အခြေခံအကြောင်းတရားကို ဖော်ထုတ်ပြီး ပိုမိုကောင်းမွန်အောင် လုပ်သွားမယ်လို့ ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။

?bph6