နယ္စပ္ေဒသလုံၿခံဳေရးနဲ႔ တည္ၿငိမ္ေရး အေရးႀကီးေၾကာင္း တ႐ုတ္ ပူးတြဲစစ္ဦးစီးဌာန စစ္ဦးစီးခ်ဳပ္ ေျပာ

0
156

ျမန္မာႏုိင္ငံေျမာက္ပုိင္း နယ္စပ္ေဒသလုံၿခဳံေရးနဲ႔ တည္ၿငိမ္ေအးခ်မ္းေရးဟာ ႏွစ္ႏုိင္ငံလုံးအတြက္ အေရးႀကီးေၾကာင္းနဲ႔ ႏွစ္ႏုိင္ငံဆက္ဆံေရးကုိ ထိခုိက္ေစမယ့္ ဘယ္အဖြဲ႔အစည္းရဲ႕ လုပ္ေဆာင္ခ်က္ကုိမဆုိ လက္ခံမွာ မဟုတ္ေၾကာင္း တ႐ုတ္နုိင္ငံ ဗဟုိစစ္ေကာ္မရွင္အဖြဲ႕ဝင္နဲ႔ ပူးတြဲစစ္ဦးစီးဌာန စစ္ဦးစီးခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံကုိ ခ်စ္ၾကည္ေရးခရီး ေရာက္ရွိေနတဲ့ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကုိ ပူးတြဲစစ္ဦးစီးဌာန စစ္ဦးစီးခ်ဳပ္ လီ က်န္ခ်င္က ဧၿပီလ ၈ ရက္ေန႔ ေဘက်င္းၿမိဳ႕မွာ ေတြ႔ဆံုစဥ္ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ဟာ တ႐ုတ္တပ္မေတာ္ရဲ႕ မိတ္ေဟာင္းေဆြေဟာင္း ျဖစ္ၿပီး ခ်စ္ၾကည္ေရး ခရီးလာေရာက္တဲ့အတြက္ ေက်းဇူးတင္ေၾကာင္း၊ ႏွစ္ႏုိင္ငံ ခ်စ္ၾကည္ရင္းႏွီးမႈေတြ တုိးတက္ေကာင္းမြန္ေနတာ ျဖစ္ေၾကာင္း၊ တပ္မေတာ္ႏွစ္ရပ္အၾကား မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္ရြက္မႈ၊ လုံၿခဳံေရး ပူးေပါင္းေဆာင္ရြက္မႈေတြကုိ အတူတကြ ညိွႏႈိင္းေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္း စစ္ဦးစီးခ်ဳပ္ လီ က်န္ခ်င္က ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုးက သတင္းထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်ရေး အရေးကြီးကြောင်း တရုတ် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် ပြော

မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ နှစ်နိုင်ငံလုံးအတွက် အရေးကြီးကြောင်းနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမယ့် ဘယ်အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်ကိုမဆို လက်ခံမှာ မဟုတ်ကြောင်း တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နဲ့ ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ်က ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် လီ ကျန်ချင်က ဧပြီလ ၈ ရက်နေ့ ဘေကျင်းမြို့မှာ တွေ့ဆုံစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ တရုတ်တပ်မတော်ရဲ့ မိတ်ဟောင်းဆွေဟောင်း ဖြစ်ပြီး ချစ်ကြည်ရေး ခရီးလာရောက်တဲ့အတွက် ကျေးဇူးတင်ကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတွေ တိုးတက်ကောင်းမွန်နေတာ ဖြစ်ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေကို အတူတကွ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း စစ်ဦးစီးချုပ် လီ ကျန်ချင်က ထည့်သွင်းပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

?bph6