စက္ဘီးမွ်ေ၀သံုးစြဲတဲ့ ယဥ္ေက်းမႈ ပိုမိုတြင္က်ယ္လာေစဖို႔ ကူညီလမ္း ညႊန္မႈေတြ လုပ္ေပးမယ္

0
114

တကၠသိုလ္အတြင္း စက္ဘီးမွ်ေဝသံုးစြဲတဲ့ ယဥ္ေက်းမႈ ပိုမိုတြင္က်ယ္လာေစဖို႔ တကၠသိုလ္ေက်ာင္းသား အဖြဲ႕အစည္းေတြက အကူညီေတာင္းလာရင္ လုပ္ေဆာင္ေပးသြားမယ္လို႔ Bikes in Yangon အဖြဲ႕ကေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးကေျပာ ပါတယ္။

ျမန္မာႏိုင္ငံက တကၠသိုလ္ေတြမွာ စက္ဘီးမွ်ေ၀သံုးစြဲတဲ့ ယဥ္ေက်းမႈကို ၂၀၁၇ ခုႏွစ္က စတင္ခဲ့ေပမယ့္ စိတ္၀င္စားတဲ့ ေက်ာင္းသား၊ ေက်ာင္းသူဦးေရ မ်ားျပားခဲ့ပါတယ္။

ဒါ့ေၾကာင့္ စက္ဘီးမွ်ေ၀သံုးစြဲတဲ့ ယဥ္ေက်းမႈ ပိုမိုတြင္က်ယ္လာေစဖို႔ တကၠသိုလ္ေက်ာင္းသားသမဂၢေတြနဲ႔ ေက်ာင္းသားအဖြဲ႕ေတြက အကူအညီေတာင္းခံလာခဲ့ရင္ ကူညီလမ္း ညႊန္မႈေတြ လုပ္ေဆာင္ေပးသြားမယ္လို႔ Bikes in Yangon အဖြဲ႕က ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕ Austron College Myanmar မွာ တကၠသိုလ္အတြင္း စက္ဘီးမွ် ေ၀သံုးစြဲျခင္း ယဥ္ေက်းမႈ အနာဂတ္ကို အတူတူစိတ္ကူးတည္ေဆာက္ျခင္း ေဆြးေႏြးပြဲ ျပဳလုပ္ခဲတာပါ။

Soundbite;ကိုဇြဲျပည့္ (အဖြဲ႕ေခါင္းေဆာင္)
Bikes in Yangon

လက္ရွိ ဒဂံုတကၠသိုလ္နဲ႔ ေရေၾကာင္းတကၠသိုလ္ေက်ာင္းေတြကိုသာ စက္ဘီးငွားရမ္းမႈေတြကို ေဆာင္ရြက္ႏိုင္ေသးတာျဖစ္ပါတယ္။
စက္ဘီးနဲ႔ပတ္သက္တဲ့ အမွတ္တရေတြကို ေနာင္မ်ဳိးဆက္သစ္ လူငယ္ေတြ ထားရွိႏိုင္ဖုိ႔နဲ႔ ပတ္၀န္းက်င္ ေလထုညစ္ညမ္းမႈကိုလည္း ကာကြယ္ရာေရာက္တာေၾကာင့္ စက္ဘီးစီးတဲ့အေလ့အထကို တြင္က်ယ္လာေစခ်င္တယ္လို႔လည္း ေျပာပါတယ္။

Soundbite;ကိုဇြဲျပည့္ (အဖြဲ႕ေခါင္းေဆာင္)
Bikes in Yangon

စက္ဘီးမွ်ေ၀သံုးစြဲတဲ့ ယဥ္ေက်းမႈနဲ႔ပတ္သက္ၿပီး ရန္ကုန္တကၠသိုလ္ကို စလုပ္ဖို႔စီစဥ္ခဲ့ေပမယ့္ ခြင့္ျပဳ ခ်က္မရတာေၾကာင့္ လက္ရွိမ ဒဂံုတကၠသုိလ္မွာ စက္ဘီးအစီး ၅၀ နဲ႔ ေရေၾကာင္းတကၠသိုလ္မွာ စက္ဘီးအစီး ၂၀ ကိုသာ ေဆာင္ရြက္ႏိုင္ေသးတာပါ။

တကၠသိုလ္ကေက်ာင္းသားေတြရဲ႕ စိတ္၀င္စားမႈကို စမ္းသပ္တဲ့ စီမံကိန္းအေနနဲ႔ စတင္လုပ္ခဲ့ေပမယ့္ စိတ္၀င္စားမႈ ပိုမ်ားလာတဲ့အတြက္ လက္ရွိအစီးေရနဲ႔ မလံုေလာက္ေသးဘူးလို႔လည္း Bikes in Yangon အဖြဲ႕က ေျပာပါတယ္ရွင္။

စက်ဘီးမျှဝေသုံးစွဲတဲ့ ယဉ်ကျေးမှု ပိုမိုတွင်ကျယ်လာစေဖို့ ကူညီလမ်း ညွှန်မှုတွေ လုပ်ပေးမယ်

တက္ကသိုလ်အတွင်း စက်ဘီးမျှဝေသုံးစွဲတဲ့ ယဉ်ကျေးမှု ပိုမိုတွင်ကျယ်လာစေဖို့ တက္ကသိုလ်ကျောင်းသား အဖွဲ့အစည်းတွေက အကူညီတောင်းလာရင် လုပ်ဆောင်ပေးသွားမယ်လို့ Bikes in Yangon အဖွဲ့ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးကပြော ပါတယ်။

မြန်မာနိုင်ငံက တက္ကသိုလ်တွေမှာ စက်ဘီးမျှဝေသုံးစွဲတဲ့ ယဉ်ကျေးမှုကို ၂၀၁၇ ခုနှစ်က စတင်ခဲ့ပေမယ့် စိတ်ဝင်စားတဲ့ ကျောင်းသား၊ ကျောင်းသူဦးရေ များပြားခဲ့ပါတယ်။

ဒါ့ကြောင့် စက်ဘီးမျှဝေသုံးစွဲတဲ့ ယဉ်ကျေးမှု ပိုမိုတွင်ကျယ်လာစေဖို့ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေနဲ့ ကျောင်းသားအဖွဲ့တွေက အကူအညီတောင်းခံလာခဲ့ရင် ကူညီလမ်း ညွှန်မှုတွေ လုပ်ဆောင်ပေးသွားမယ်လို့ Bikes in Yangon အဖွဲ့က ပြောပါတယ်။
ရန်ကုန်မြို့ Austron College Myanmar မှာ တက္ကသိုလ်အတွင်း စက်ဘီးမျှ ဝေသုံးစွဲခြင်း ယဉ်ကျေးမှု အနာဂတ်ကို အတူတူစိတ်ကူးတည်ဆောက်ခြင်း ဆွေးနွေးပွဲ ပြုလုပ်ခဲတာပါ။

Soundbite;ကိုဇွဲပြည့် (အဖွဲ့ခေါင်းဆောင်)
Bikes in Yangon

လက်ရှိ ဒဂုံတက္ကသိုလ်နဲ့ ရေကြောင်းတက္ကသိုလ်ကျောင်းတွေကိုသာ စက်ဘီးငှားရမ်းမှုတွေကို ဆောင်ရွက်နိုင်သေးတာဖြစ်ပါတယ်။
စက်ဘီးနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို နောင်မျိုးဆက်သစ် လူငယ်တွေ ထားရှိနိုင်ဖို့နဲ့ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကိုလည်း ကာကွယ်ရာရောက်တာကြောင့် စက်ဘီးစီးတဲ့အလေ့အထကို တွင်ကျယ်လာစေချင်တယ်လို့လည်း ပြောပါတယ်။

Soundbite;ကိုဇွဲပြည့် (အဖွဲ့ခေါင်းဆောင်)
Bikes in Yangon

စက်ဘီးမျှဝေသုံးစွဲတဲ့ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ်ကို စလုပ်ဖို့စီစဉ်ခဲ့ပေမယ့် ခွင့်ပြု ချက်မရတာကြောင့် လက်ရှိမ ဒဂုံတက္ကသိုလ်မှာ စက်ဘီးအစီး ၅၀ နဲ့ ရေကြောင်းတက္ကသိုလ်မှာ စက်ဘီးအစီး ၂၀ ကိုသာ ဆောင်ရွက်နိုင်သေးတာပါ။
တက္ကသိုလ်ကကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုကို စမ်းသပ်တဲ့ စီမံကိန်းအနေနဲ့ စတင်လုပ်ခဲ့ပေမယ့် စိတ်ဝင်စားမှု ပိုများလာတဲ့အတွက် လက်ရှိအစီးရေနဲ့ မလုံလောက်သေးဘူးလို့လည်း Bikes in Yangon အဖွဲ့က ပြောပါတယ်ရှင်။

?bph6